ကာလရှည် အနားယူရမယ့် ဗန်ဒိုက် အတွက် ရည်ညွှန်းပြီး အောင်ပွဲ ခံသွားတဲ့ ဒီပေး

လီယွန် အသင်းရဲ့ တိုက်စစ်မှုး မန်ပစ် ဒီပေး နဲ့ လီဗာပူး နောက်တန်း ကစားသမား ဗန်ဒိုက် တို့ဟာ နယ်သာလန် လက်ရွေးစင် ကစားဖော်တွေ ဖြစ်ပါတယ်။

ဗန်ဒိုက် ဟာ ပြီးခဲ့တဲ့ အပတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မာဆေးဆိုဒ် ဒါဘီ ပွဲစဉ်မှာ ဂျော်ဒန် ပစ်ဖို့ဒ် ရဲ့ ဝင်ရောက် ဖျက်ထုတ်ပုံ ကြမ်းတမ်းမှုကြောင့် ၊ ဒူး အရွတ် စုတ်ပြတ်သွားတဲ့ ဒဏ်ရာ ရရှိခဲ့ပါတယ်။ လီဗာပူး ဘက်ကတော့ ဒဏ်ရာ နဲ့ ပတ်သက်လို့ ဘယ်အတိုင်းအတာထိ အနားယူရဖွယ် ရှိတယ် ဆိုတဲ့ အကြောင်းကို တရားဝင် ပြောဆိုထားခြင်း မရှိပေမယ့် ၊ သတင်းတွေက အမျိုးမျိုး ပေါ်ထွက်လျှက် ရှိနေဆဲ ဖြစ်ပါတယ်။

myan789

တစ်ချို့ ကတော့ ဗန်ဒိုက် ရဲ့ ဒဏ်ရာဟာ အနေအထားက ခန္ဒာကိုယ် က တုန့်ပြန်မှု အပေါ်မူတည်ပြီး အလျှင်အမြန် သက်သာလာနိုင်တယ်လို့ ပြောဆိုနေကြသလို ၊ နာမည်ကြီး သတင်းထောက် တစ်ချို့ ကလဲ ACL ထက် ဆိုးဝါးတဲ့ အခြေအနေမျိုး အထိတောင် ကြုံသွားရနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

မန်ပစ် ဒီပေး ကတော့ အဲဒီ ဒဏ်ရာဆိုးကြီးကနေ မကြာခင်ကမှ လွတ်မြောက်လာခဲ့သူ ဖြစ်လို့ ၊ ပရော်ဖက်ရှင်နယ် ဘောလုံးသမား တစ်ယောက် အတွက် ရင်ဆိုင် ဖြတ်ကျော်ရတာ ဘယ်လောက်အထိ ခက်ခဲလဲ ဆိုတာ ကောင်းကောင်း နားလည် သဘောပေါက် ထားသူ ဖြစ်ပါတယ်။

သူ ကိုယ်တိုင်လဲ 2019 ခုနှစ် ဒီဇင်ဘာ လ အတွင်းမှာ ကစားခဲ့တဲ့ ရင်းနက် နဲ့ ပွဲစဉ်မှာ ACL ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး ၊ ရက်ပေါင်း 200 ဝန်းကျင် ကြာအောင် အနားယူခဲ့ရပါတယ်။ လီယွန် ဆိုရင် သူတို့ရဲ့ အဓိက တိုက်စစ်မှုးက ပွဲပေါင်း 29 ပွဲ အထိ ပါဝင် ကစားပေးနိုင်ခဲ့ခြင်း မရှိလို့ ၊ ဥရောပ ဖလား ယှဉ်ပြိုင်ခွင့် မျှော်လင့်ချက်တွေတောင် လွဲချော်ခဲ့ ရပါတယ်။

ဒါကြောင့် ဒီပေး ဟာ လက်ရွေးစင် ကစားဖော် တစ်ဦး အခက်ခဲတွေ နဲ့ ကြုံလာချိန်မှာ စိတ်ဓါတ်တွေ မကျစေဖို့ အခုလို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မနေ့ညကတော့ လီယွန်ဟာ အိမ်ကွင်းမှာ မာဆေး အသင်းကို လက်ခံ ကစားခဲ့ပြီး 4-1 ရလာဒ် နဲ့ အနိုင်ယူပြသွားခဲ့ ပါတယ်။ အသင်းအတွက် အဖွင့်ဂိုး ကို ဒီပေးက 12 မီးနစ်မှာပဲ သွင်းယူပေးခဲ့ကာ ၊ အောင်ပွဲခံချိန်မှာတော့ ‘Virgil Stay strong my brother’ လို့ ရေးထားတဲ့ စာသားကို ပြသပြီး ၊ ဗန်ဒိုက် အတွက် အောင်ပွဲခံခဲ့ ပါတယ်။

ဒီပေး ဟာ ပြီးခဲ့တဲ့ အပြောင်း အရွှေ့မှာ ဘာစီလိုနာ အသင်းဆီကို ပြောင်းရွှေ့ဖို့ အတွက် လက်တစ်ကမ်း အလိုအထိ ရောက်ရှိခဲ့ပေမယ့် ၊ နောက်ပိုင်းမှာ ဘာစီလိုနာ ဘက်က ငွေပေးချေနိုင်ခြင်း မရှိလို့ ပျက်ပြယ်ခဲ့ရသူပါ။

သို့သော် သူ့ရဲ့ ပရော်ဖက်ရှင်နယ် ပီသတဲ့ စိတ်ဓါတ်ကြောင့်ပဲ ၊ ကွင်းထဲက စွမ်းဆောင်ရည်တွေက ထိခိုက်မှု တစ်စုံတရာ မရှိခဲ့ပါဘူး။ ဒီရာသီမှာ ဆိုရင် အသင်းအတွက် 8 ပွဲ ပါဝင် ကစာပေးပြီး ၊ 5 ဂိုး အထိတောင် သွင်းယူ ပေးထားပြီးပြီ ဖြစ်ပါတယ်။

လီဗာပူး နည်းပြ ကလော့ပ် ကတော့ ဗန်ဒိုက် ကစားပေးနိုင်ခြင်း မရှိတဲ့ အချိန်မှာ ၊ ကွင်းလယ် အဖျက် ကစားသမား ဖာဘင်ဟို ကို ခံစစ်မှုး အဖြစ် ပြောင်းလဲ ကစားစေပြီး ၊ ယာယီ ဖြေရှင်းထားပါတယ်။ သို့သော် အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက်တွေ ကတော့ ခံစစ်မှုး တစ်ယောက် ထပ်မံ ခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ အခိုင်အမာ ဆိုထားပြီး ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ လှုပ်ရှားလာမလား ဆိုတာ စောင့်ကြည့်သွားရတော့မှာပါ။

လီဗာပူး ပရိသတ်တွေ ရဲ့ ဇာတ်လိုက်ကျော် ဂျိမ်း ပီယာ့စ် ကတော့ ရှော်ကေး လူငယ် ခံစစ်မှုး အိုဇန် ကဘက် ၊ လိုက်ပ်ဇစ် နောက်ခံလူ အူပါမီကာနို ၊ ဘရိုတ်တန် က ဘန်ဝှိုက် ၊ ဝုဖ် အသင်းခေါင်းဆောင် ကိုအာဒီ တို့ကို စောင့်ကြည့်နေတယ်လို့ ရေးသားထားပါတယ်။

ကလော့ပ်ကတော့ ဗန်ဒိုက် ရဲ့ နေရာကို အစားထိုးဖို့ထက် ၊ အသင်းအတွက် ရေရှည် စီမံကိန်းမှာ ပါဝင်နိုင်မယ့် ကစားသမားမျိုးကိုသာ ရွေးချယ် ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular