ကာဒစ် ကို အနိုင်ယူပြီး လာလီဂါ မှတ်ပေးဇယား ကို ဦးဆောင်လိုက်တဲ့ အေတီကို ၊ ဂိုးသွင်းအများဆုံး စာရင်းမှာလဲ ထိပ်ဆုံးကနေ ပူးတွဲ ရပ်တည်နေတဲ့ ဆွာရက် နဲ့ ဂျိုအာအို ဖီးလစ်

အေတီကို လို့ ပြောလိုက်ရင် ခံစစ် အသားပေး ကစားလွန်းတဲ့ အသင်းလို့ အားလုံးက သတ်မှတ်ထားကြပေမယ့် ၊ ဒီရာသီမှာ သူတို့ စုစုပေါင်း သွင်းယူထားတဲ့ လာလီဂါ သွင်းဂိုး ပမာဏဟာ ဘာစီလိုနာထက်လဲ ပိုများသလို ၊ ရီးရဲ မက်ဒရစ်လဲ ပိုနေပါတယ်။

လူးဝစ် ဆွာရက် ရောက်လာပြီး နောက်ပိုင်း သူတို့ရဲ့ တိုက်စစ်ဟာ လာလီဂါမှာ ဂိုးသွင်းနှုန်းအား အကောင်းဆုံး အသင်းလို့တောင် သတ်မှတ်လို့ရနေပါပြီ။

myan789

လက်ရှိ အချိန်မှာလဲ ဒုတိယ နေရာက ဆိုစီဒက် အသင်းထက် တစ်ပွဲလျှော့ ကစားကာ ၊ အမှတ်တူ ဂိုးကွာခြားချက် အနေအထားနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီ ဖြစ်ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ ရီးရဲ မက်ဒရစ်လို အသင်းမျိုးကိုတောင် အဝေးကွင်းမှာ အနိုင်ယူထားတဲ့ တန်းတက် ကာဒစ် အသင်းကို အိမ်ကွင်းမှာ ဂိုးပြတ် နဲ့ အနိုင်ကစားပြီး နောက်တစ်ကြိမ် ခြေစွမ်းပြသွားခဲ့ပြန်ပါတယ်။

ဒီပွဲအတွက် အဖွင့်ဂိုးကို လူငယ် တိုက်စစ် ကစားသမားလေး ဂျိုအာအို ဖီးလစ် က ခေါင်းတိုက်ချက် နဲ့ သွင်းယူပေးခဲ့တာ ဖြစ်ပြီး ၊ ဒုတိယ ဂိုးကိုတော့ ကွင်းလယ် ကစားသမား လိုရန်တီ က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဝါရင့်တိုက်စစ်မှုးကြီး ဆွာရက် ကတော့ ဂျိုအာအို ဖီးလစ် ရဲ့ ဖန်တီးမှု ကနေ တဆင့် တတိယ ဦးဆောင်ဂိုး ထပ်မံ သွင်းယူခဲ့တာပါ။ မူလ က အဲဒီဂိုးကို လူကျွံတယ် လို့ သတ်မှတ်ခဲ့တာကြောင့် တရားဝင် ခွင့်ပြုပေးခဲ့ခြင်း မရှိပေမယ့် ၊ နောက်ပိုင်းမှာ VAR က ပြန်လည် သုံးသပ်ရင်း လူမကျွံတာကြောင့် ဂိုး အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

အိမ်ရှင်တို့ အတွက် ပွဲသိမ်းဂိုးကို တစ်ပွဲလုံး တောက်လျှောက် ခြေစွမ်းပြနေတဲ့ ဂျိုအာအို ဖီးလစ်ကပဲ ပွဲအပြီး နာကျင် အချိန်ပို အရောက်မှာ သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဘာစီလိုနာ က ခြေစွမ်းကျပြီလို့ သတ်မှတ်ပြီး ရောင်းထုတ်လိုက်တဲ့ လူးဝစ် ဆွာရက် ဟာ လာလီဂါ သွင်းဂိုးအများဆုံး ကစားသမား စာရင်းမှာ ပင်နယ်တီ တစ်လုံးမှ ကန်သွင်းခြင်း မရှိပဲ နဲ့ ထိပ်ဆုံးမှာ ပူးတွဲ ရပ်တည်သွားခဲ့ ပါတယ်။

လက်ရှိ အချိန်ထိ လူးဝစ် ဆွာရက် ၊ ဂျိုအာအို ဖီးလစ် ၊ အိုယာဇဘယ် တို့ဟာ စုစုပေါင်း သွင်းဂိုး 5 ဂိုးစီ နဲ့ ဂိုးသွင်း အများဆုံး စာရင်းမှာ ဦးဆောင်နေကြပြီး ၊ အဲဒီ သွင်းဂိုးတွေ ထဲမှာ ဂျိုအာအို ဖီးလစ် က ပင်နယ်တီ သွင်းဂိုး 1 ဂိုး ၊ အိုယာဇဘယ် က ပင်နယ်တီ သွင်းဂိုး 3 ဂိုး အထိ ပါဝင်ထားခဲ့ ပါတယ်။

အေတီကို ဟာ ချန်ပီယံလိဂ် မှာ ဘိုင်ယန် မြူးနစ် အသင်းကို 4-0 နဲ့ ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း ကစားခဲ့တဲ့ 5 ပွဲမှာ 4 ပွဲ အထိ အနိုင် ရရှိထားပါတယ်။

နိုင်ငံတကာ ပွဲစဉ် ကာလတွေ ပြီးဆုံးသွားရင်တော့ သူတို့ဟာ ဘာစီလိုနာ ကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင်ကစားသွားရတော့မှာပါ။ အဲဒီ အနေအထား နဲ့ ပတ်သက်လို့တော့ ဆီမြွန်နီ က –

“ ဘာစီလိုနာ က ကျနော်တို့ အကြောင်းကို ကောင်းကောင်းကြီး သိထားပြီးသားပါ။ ကျနော်တို့ အနေအထား ကလဲ ဘာစီလိုနာ နဲ့ ကစားမယ့် ပွဲရဲ့ ရလာဒ် အပေါ်မှာ ဘာမှီခိုမှုမှ မရှိပါဘူး။

အဲဒီပွဲ ကစားဖို့ 15 ရက် လိုသေးသလို ၊ ကစားသမားတွေ ကလဲ နိုင်ငံ့လက်ရွေးစင် အသင်းတွေဆီ သွားပြီး ကစားပေးရဦးမှာလေ။ ဒါကြောင့်မို့ ကျနော်တို့ အနေနဲ့ ကြားထဲမှာ စိတ်ရှည်ရှည် နဲ့ စောင့်ပြီး ၊ ဘာစီလိုနာ နဲ့ ပွဲအတွက် ဘယ်လို ပြင်ဆင်ရမလဲ ဆိုတာ စဉ်းစားလို့ရတာပေါ့။

ကစားသမားတွေက ဘယ်လို အနေအထားတွေ နဲ့ အသင်းဆီ ပြန်ရောက်လာမလဲ ဆိုတာလဲ စောင့်ကြည့်ရဦးမှာပေါ့။ အဲဒီ အပေါ်အခြေခံပြီးမှ ပြင်ဆင်သွားမှာ ဖြစ်ပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular