ကစားသမား တစ်ဦးကြောင့် ယူနိုက်တက် တို့ဟာ ဆုဖလားတွေကို ဆွတ်ခူး နိုင်မှာ မဟုတ်ကြောင်း ပြောလိုက်တဲ့ ရှရင်ဂမ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ သမိုင်းဝင် ဟီးရိုး တစ်ဦး ဖြစ်ခဲ့ဖူးတဲ့ တိုက်စစ်မှူးဟောင်း တက်ဒီ ရှရင်ဂမ် က သရဲနီ တို့ဟာ အန်သိုနီ မာရှယ်ကို အထောင် တိုက်စစ် နေရာမှာ ဆက်လက် ကစားစေဦးမယ် ဆိုရင် ဆုဖလား တွေကို ဆွတ်ခူး နိုင်ဦးမှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

အန်သိုနီ မာရှယ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို ရောက်ရှိ ခဲ့တဲ့ နောက်ပိုင်း တောင်ပံ တိုက်စစ် ကစားသမား အဖြစ် ကစားတာ များခဲ့ပေမယ့် ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ဆိုးလ်ရှားဟာ လူကာကူကို ရောင်းထုတ် ခဲ့တဲ့နောက် ပြင်သစ် လက်ရွေးစင်ဟာ အထောင် တိုက်စစ်မှူး ဖြစ်ခွင့် ရရှိခဲ့ ပါတယ် ။

myan789

ထို့အတူ မာရှယ်ဟာလည်း တစ်ရာသီ အတွင်း 23 ဂိုး အထိ သွင်းယူရင်း အသင်း ရဲ့ တစ်နှစ်တာ ဂိုးသွင်း အများဆုံး ကစား သမား ဖြစ်ခဲ့ ပါတယ် ။ အခုတော့ ယူနိုက်တက် တို့ဟာ တိုက်စစ်မှူး အသစ် မခေါ်ယူနိုင် ခဲ့တဲ့ အတွက် မာရှယ်ဟာ နံပါတ် 9 နေရာ မှာပဲ ဆက်လက် ကစား ရဖို့ ရှိနေ ပါတယ် ။

ဒါပေမယ့် တက်ဒီ ရှရင်ဂမ် ကတော့ အတူ တွဲဖက် ကစားခဲ့ဖူးတဲ့ အသင်းဖော် ဘော်ဒါဟောင်း ဖြစ်သူ ဆိုးလ်ရှား အနေ နဲ့ ဆု ဖလား တွေကို ဆွတ်ခူးလိုပါက ဂိုးသွင်း သေချာလွန်းတဲ့ နံပါတ် 9 တိုက်စစ်မှူး တစ်ဦး တစ်ယောက်ကို ခေါ်ယူဖို့ လိုအပ် နေလိမ့်မယ်လို့ သုံးသပ် အကြံပေး သွားခဲ့လိုက် ပါတယ် ။

” မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နံပါတ် 9 နေရာမှာ အန်သိုနီ မာရှယ်ကို ထားပြီး ဆုဖလား တွေကို ဆွတ်ခူး နိုင်မှာ မဟုတ် ပါဘူး ။ ဒီလို ကလပ် အသင်း တစ်သင်း မှာ ကစား နေတဲ့ တိုက်စစ်မှူး တစ်ဦး အနေ နဲ့ တစ် ရာသီ အတွင်း ဂိုး 20 လောက် သွင်းယူ နိုင်တာက ကောင်းမွန် ပါတယ် ”

” ဒါပေမယ့် ဆုဖလား တွေကို ဆွတ်ခူး နိုင်ရေး အတွက်တော့ တစ်ရာသီ 30 – 35 ဂိုးလောက် သွင်းယူ နိုင်ရေး အတွက် ရှေးရှု နေဖို့ လိုအပ်လှ ပါတယ် ။ အန်သိုနီ ဟာ အဲ့တာ တွေကို လုပ်ဆောင် ပေးနိုင်မယ့် တိုက်စစ်မှူး မျိုးလား ? ကျွန်တော် တပ်အပ် မပြောနိုင် ပါဘူး ” လို့ ရှရင်ဂမ် က ပြောကြား သွားခဲ့လိုက် ပါတယ် ။

အဲ့ဒီနောက် ရှရင်ဂမ်က ပြီးခဲ့တဲ့ လ အနည်းငယ် အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်းကို ပိုကောင်းအောင် လုပ်နိုင် ခဲ့တဲ့ အသင်းဖော်ဟောင်း ဆိုးလ်ရှား ရဲ့ စွမ်းဆောင်မှုကို အသိအမှတ် ပြုခဲ့လိုက် ပေမယ့် ဘယ် နေရာ တွေမှာ လိုအပ်ချက် ရှိနေ သေးလဲ ဆိုတာ တွေကို ဆက်လက် ထောက်ပြ သွားခဲ့လိုက် ပါတယ် ။

” မန်ယူတက် မှာ အပေါင်း လက္ခဏာ ဆောင်ကျဉ်းမှုတွေ မြင့်တက် လာခဲ့ ပါတယ် ။ မန်နေဂျာ ကလည်း ကောင်းကောင်း လမ်းညွှန် ပေးနိုင် ခဲ့ပြီး ပေါ့ဂ်ဘာ ကို ပုံစံကောင်း ပြန်လည် ရရှိ စေနိုင်ခဲ့ ပါတယ် ။ ဒါဟာ ထူးကဲလှ ပါတယ် ။ အသင်းဟာ ပေါင် သန်း 100 တန် ကစားသမား တစ်ဦးကို ရရှိလိုက် သလို ပါပဲ ”

” သူဟာ ထိပ်တန်း ကစားသမား တစ်ဦး ဖြစ်ပြီး ကြိုးစားပါက ပိုပြီး တိုးတက် နိုင်ဦးမယ့် ကစားသမား တစ်ဦးပါ ။ ဂရင်းဝုဒ် အသင်းဆီ ရောက်ရှိ လာခဲ့ ပါတယ် ။ ဘရူနို နဲ့ ရပ်ရှ်ဖို့ တို့ ချိတ်ဆက် နိုင်ခဲ့ကြ သလို ဗန်ဒီ ဘိခ် ကလည်း အံ့ဖွယ် ကစားသမား ကောင်း ဖြစ်လာ နိုင်မယ့်သူ တစ်ဦး ပါပဲ ”

” ဒါပေမယ့် သူတို့ အခု ဆုဖလားကို စိန်ခေါ် နိုင်သူတော့ မဖြစ်ကြသေး ပါဘူး ။ ခင်ဗျားတို့ ကွင်းထဲ နေရာတိုင်းမှာ ထိပ်တန်း ကစားသမား ပိုင်ဆိုင်ဖို့ လိုအပ်ပါတယ် ။ အဲ့တာကို လီဗာပူး အသင်းက ပိုင်ဆိုင် ထားခဲ့ သလို မန်စီးတီး အသင်း ကလည်း ပိုင်ဆိုင် ထားခဲ့ ပါတယ် ။ ချဲလ်ဆီး ဟာလည်း အဲ့လို ဖြစ်နိုင်ဖို့ ကြိုးစား နေပါတယ် ”

” ယူနိုက်တက် က အပေါင်း လက္ခဏာ ဆောင်နေခဲ့ ပါတယ် ။ ဒါပေမယ့် ဆက်လက် တိုးတက်ဖို့တော့ လိုအပ် နေပါ သေးတယ် ။ သူတို့ တွေဟာ ဗဟို ခံစစ် ၊ ပိုကောင်း နိုင်မယ့် နောက်ခံ အစွန်လူ တွေနဲ့ ကွင်းလယ် ခံစစ် ကစားသမားကောင်း တစ်ဦးကို လိုအပ် နေကြပါ သေးတယ် ” လို့ ရှရင်ဂမ် က အကြံပေး ခဲ့လိုက် ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular