ကစားသမားသစ် ၆ဦး အထိ ရောက်ရှိလာပြီးနောက် ဝန်ခံမှု တခု ပြုလုပ်လာတဲ့

ချဲလ်ဆီး အသင်း ဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း ပရီးမီးယားလိဂ် ရဲ့ ကစားသမားသစ် ခေါ်ယူမှု အများဆုံး အသင်း အဖြစ် ရပ်တည်နေပြီး ၊ လောလောဆယ် အချိန် အထိ တရားဝင် ကစားသမားသစ် ခေါ်ယူမှု ၆ခု ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၂၀ ဝန်းကျင် အသုံးပြုကာ ပြုလုပ်ထားပြီး ဖြစ်ပါတယ် ။

ဒီအထဲမှာ တိုက်စစ် အတွက် ခေါ်ယူမှု က ၃ခု နဲ့ ခံစစ် အတွက် ခေါ်ယူမှု က ၃ခု ပါဝင်ပါတယ် ။ မော်ရိုကို တောင်ပံ ကစားသမား ဟာကင် ဇီယက်ချ် နဲ့ ဂျာမနီ တိုက်စစ်မှူး တီမို ဗာနာ နဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ကိုင်ဟာဗက်ဇ် တို့ဟာ လာမယ့် ဘောလုံး ရာသီ ချဲလ်ဆီး အသင်း ရဲ့ တိုက်စစ် ကို အဓိက ဦးဆောင်ပေးဖို့ ရှိနေပါတယ် ။

myan789

ခံစစ် အတွက် ခေါ်ယူမှု ၃ခုမှာတော့ နိုက်စ် အသင်း ကနေ အလွတ် နဲ့ ရောက်လာတဲ့ ပြင်သစ် လူငယ် ခံစစ်မှူး မာလန်းဆား ဟာ ချဲလ်ဆီး နဲ့ ၅နှစ် စာချုပ်ချုပ်ထားပေမယ့် ၊ လာမယ့် တရာသီလုံး အငှားထွက်ရဖို့ ရှိနေပါတယ် ။ လက်စတာ အသင်း ကနေ ပေါင်သန်း ၅၀ နဲ့ ပြောင်းရွှေ့လာတဲ့ ဘန်ချေဝဲလ် ကတော့ ချဲလ်ဆီး ဘယ်နောက်ခံလူ နေရာ အတွက် ပွဲထွက်ခွင့် သေချာနေပါတယ် ။

ပီအက်စ်ဂျီ ကနေ အလွတ် နဲ့ ရောက်လာတဲ့ ဘရာဇီး ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗား ကတော့ လာမယ့် ရာသီ ချဲလ်ဆီး အသင်း ခံစစ် ကို ဦးဆောင်ပေးမှာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ရာသီ မှာ ချဲလ်ဆီး အသင်း ဟာ ကစားသမားသစ် တဦး မှ မခေါ်ယူခဲ့ပဲ ၊ နည်းပြ ဖရန့် လမ်းပတ် ရဲ့ ဦးဆောင်မှု နဲ့ အတူ ရာသီ အကုန်မှာ အဆင့် ၄ နေရာ နဲ့ ချန်ပီယံလိဂ် ဝင်ခွင့် တနေရာ ကို အရယူနိုင်ခဲ့ပါတယ် ။

လာမယ့် ရက်ပိုင်း အတွင်း ပြန်လည် စတင်တော့မယ့် ပရီးမီးယားလိဂ် ရာသီသစ် မှာတော့ ချဲလ်ဆီး အသင်း ဟာ ပိုမို မြင့်မားတဲ့ အောင်မြင်မှုတွေ ၊ ဆုဖလားတွေကို မျှော်မှန်းထားတဲ့ အတွက် အခုလို ဒိတ်ဒိတ်ကြဲ ကစားသမားကောင်း တွေကို ခေါ်ယူ အားဖြည့်ထားခြင်း ဖြစ်ပါတယ် ။

ဒါ့အပြင် နည်းပြ ဖြစ်တဲ့ လမ်းပတ် ဟာလည်း ဒီရာသီ မှာ ပြီးခဲ့တဲ့ ရာသီကလို အက်ဖ်အေ ဖလား ရဖို့ လက်တကမ်း အလိုမှာမှ လက်လွှတ်ခဲ့ရတဲ့ အဖြစ်မျိုး ၊ အသင်း ပိုင်ရှင် ဖြစ်တဲ့ ရိုမန် အေဘရာမိုဗစ်ချ် ဖက်က လက်ခံတော့မှာ မဟုတ်တာကို ကောင်းကောင်း နားလည် သဘောပေါက်လောက်ပါပြီ ။

မနေ့က ပြုလုပ်ခဲ့တဲ့ High Performance Podcast နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာ လမ်းပတ် က ကစားသမားသစ် တွေ ရောက်လာတဲ့ အတွက် ကလပ်ဖက်က မျှော်မှန်းချက်တွေ ပိုမို မြင့်မားလာမယ် ဆိုတာကို သိရှိထားကြောင်း ဝန်ခံ ပြောဆိုလာခဲ့ပါတယ် ။

လမ်းပတ် က ” ပြီးခဲ့တဲ့ ရာသီ က Transfer ban မိခဲ့သလို ၊ ခက်ခဲတဲ့ အခြေအနေ တရပ် ကို ကျော်ဖြတ်ခဲ့ရတဲ့ အနေအထားမှာတောင် ချဲလ်ဆီး အသင်း ဟာ သူတို့ရဲ့ ရည်မှန်းချက် ကို မြင့်မြင့်မားမား ထားခဲ့ပါသေးတယ် ။ အခုဆို ပိုတောင်မှ မြင့်မားလာဦးမယ် ဆိုတာ ကျွန်တော် ကောင်းကောင်း သတိထားမိပါတယ် ။ ”

” ဒါဟာ ကျွန်တော့ ရဲ့ အလုပ် တစိတ်တပိုင်း အနေနဲ့ လက်ခံရမယ့် အချက် အဖြစ် သဘောထားတယ် ၊ ကျွန်တော် တတ်နိုင်သလောက် အစွမ်းကုန် ပေးဆပ်သွားမယ် လို့ပဲ ခံယူထားပါတယ် ။ အတူ လက်တွဲ အလုပ်လုပ်နေတဲ့ ကျန်တဲ့ နည်းပြ အဖွဲ့ဝင်တွေ ၊ ကလပ် အသင်း တာဝန်ရှိသူတွေ တက်ညီလက်ညီ ပံ့ပိုး ဖြည့်ဆည်းပေးနေသရွေ့ ကျွန်တော့ ဖက်ကလည်း သူတို့ နည်းတူ လိုက်လုပ်နိုင်ဖို့ လိုပါတယ် ။ ”

” ခက်ခဲတဲ့ အချိန် ကြုံလာတဲ့ အခါတွေမှာ ဒီ သက်ဆိုင်ရာ အဖွဲ့ဝင်တွေ အပေါ် ကျွန်တော် အားထားရမှာပါ ။ စီမံခန့်ခွဲမှု အပိုင်းမှာမှ မဟုတ်ပါဘူး ၊ အဝတ်အစား ဆင်ပေးတဲ့သူ ၊ ဒါမှမဟုတ် ကလပ် ရဲ့ ဝန်ထမ်း အသေးစားတွေ ဖြစ်နေရင်တောင် ကျွန်တော် သူတို့ရဲ့ အကူအညီတွေကို လိုလာနိုင်ပါတယ် ။ ”

” အခြေအနေ မဟန်လို့ အထက် က ပြိုဆင်းလာပြီ ဆိုရင် အောက်က နောက်လိုက်ငယ်သား တွေ အားလုံးလည်း ပြိုဆင်းတတ်တဲ့ အဖြစ်မျိုး ကျွန်တော် မြင်တွေ့ဖူးပါတယ် ။ ခင်ဗျား ဟာ ဒီ အခြေအနေ တွေကို ကောင်းကောင်း မထိန်းသိမ်းတတ်ရင် ၊ မန်နေဂျာ တယောက် အနေနဲ့ ကိုယ်နဲ့ ကလပ် အတွင်း က ဝန်ထမ်းတွေနဲ့ ပွင့်လင်းမြင်သာတဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး မရှိရင် သူတို့တွေဟာ ပိုပြီး လျင်လျင်မြန်မြန် ပြိုဆင်းသွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular