ကစားသမားသစ် ဒီယေဂိုဂျိုတာကို ဘယ်လိုနေရာတွေမှာ အသုံးပြု သွားမလဲ ဆိုတာ ရှင်းပြလိုက်တဲ့ ယာဂန်ကလော့

လီဗာပူး အသင်းဟာ မနေ့ညက ပေါ်တူဂီ လက်ရွေးစင် ဒီယေဂိုဂျိုတာကို ပြောင်းရွေ့ကြေး ပေါင် ၄၅ သန်း နဲ့ ဝုဖ်ဗာဟမ်တန် အသင်းထံမှ ခေါ်ယူနိုင်ခဲ့ပြီး ငါးနှစ် သက်တမ်းရှိ စာချုပ် ချုပ်ဆို ခဲ့ပါတယ်။ ဂျိုတာဟာ ဒီနွေရာသီမှာ ကော့စတပ် ဆီမီကတ်စ် နဲ့ တီယာဂို အယ်ကန်တာရာ တို့ပြီးနောက် လီဗာပူးကို တတိယမြောက် ရောက်ရှိလာခဲ့တဲ့ ကစားသမား ဖြစ်ပြီး ကျောနံပါတ် ၂၀ ကို ဝတ်ဆင် ကစားသွားမှာပါ။

ယာဂန်ကလော့က ဂျိုတာက သူ့ရဲ့ လီဗာပူး အသင်းနဲ့ လုံး၀ အံဝင်ခွင်ကျ ဖြစ်တဲ့ ကစားသမားတစ်ဦးလို့ ဆိုလိုက်ပြီး ပေါ်တူဂီ စတားကို အန်ဖီးမှာ ဘယ်လိုမျိုး အသုံးချ သွားမလဲ ဆိုတာ ပြောပြ သွားခဲ့ ပါတယ်။ ဒါ့အပြင် ကလော့ဟာ ဂျိုတာရဲ့ တိုက်စစ်ပိုင်း နေရာစုံ ကစားနိုင်မှု အပေါ် သဘောကျလျက် ရှိနေပြီး လီဗာပူးရဲ့ နံပါတ် ၂၀ ဆီကနေ ဘာတွေ မျှော်လင့် ထားသလဲ ဆိုတာကိုပါ ရှင်းပြလိုက်ပါတယ်။

myan789

ဂျိုတာကို ဘာကြောင့် လီဗာပူးထံ ခေါ်ယူခဲ့တာလဲ ဆိုတဲ့ မေးခွန်း အပေါ် ကလော့က “အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ သူဟာ ကျွန်တော်တို့ကို ရွေးချယ်မှုတွေ အများကြီး ပေးစွမ်းမယ့် ကစားသမား တစ်ဦးပါ။ သူဟာ အသက် ၂၃ နှစ်သာ ရှိသေးတာကြောင့် finish article ဖြစ်ဖို့ အတွက် အဝေးကြီး လိုပါသေးတယ်။ သူ့မှာ အလားအလာ များစွာ ရှိနေပါတယ်။ သူ့မှာ ပြေးအား ရှိသလို ၊ ချိတ်ဆက် ကစားနိုင်ပြီး ခံစစ်ကို ကူညီနိုင်သလို press လည်း လုပ်နိုင်ပါတယ်။

ဒါဟာ ကျွန်တော်တို့ကို ပိုမို ခန့်မှန်းရ ခက်ခဲ စေခဲ့သလို systems အမျိုးမျိုး အတွက် တကယ့် options တွေလည်း ရသွားခဲ့ ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ၄-၃-၃ ကစားကွက်မှာ တိုက်စစ်ပိုင်းရဲ့ နေရာစုံမှာ ကစား နိုင်စွမ်း ရှိသလို အကယ်၍ ကျွန်တော်တို့ ကွင်းလယ် ၄ ဦးနဲ့ ကစားသွားခဲ့မယ် ဆိုရင်လည်း သူဟာ တောင်ပံ နှစ်ဘက်စလုံးမှာ ကစား နိုင်ပါတယ်။ ဒါ့ကြောင့် ဒီလို အရာတွေ လုပ်နိုင်ပြီ ဖြစ်တာကြောင့် ကောင်းတဲ့ အရာပါ။

သူ့ရဲ့ စိတ်ဆန္ဒ ပြင်းထန်မှု ၊ လောဘကြီးမှု နဲ့ ဦးတည်ချက် ရှိမှုတွေဟာ ကျွန်တော်တို့မှာ ရှိနေပြီးသား ဖြစ်ပါတယ်။ သူဟာ အရမ်း ကောင်းတဲ့ ပေါ်တူဂီ မျိုးဆက်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး အဲဒီမှာ အတော် အရည်အသွေး ကောင်းတဲ့ ကစားသမားတွေ အများကြီး ရှိနေပါတယ်။

ပြီးခဲ့တဲ့ နိုင်ငံတကာပွဲ ကာလမှာ ပေါ်တူဂီရဲ့ ကစားဟန်ကို ကျွန်တော်တို့ တွေ့ခဲ့ပြီးပါပြီ။ အတော်ကို ကောင်းမွန်တဲ့ ခြေစွမ်းပါ။ ဒါ့ကြောင့် ဂျိုတာကို ခေါ်ယူနိုင်ခဲ့တဲ့ အတွက် ကျွန်တော် တကယ် ပျော်ရွှင်မိပါတယ်။ ဖြည့်စွက် ပြောရမယ် ဆိုရင် သူဟာ တကယ်ကောင်းတဲ့ လူတစ်ဦး ဖြစ်ကာ သူ့ကို ခေါ်ယူနိုင်လို့ တကယ် ပျော်မိပါတယ်။” လို့ ဆိုခဲ့ပါတယ်။

လီဗာပူး နည်းပြ ယာဂန်ကလော့ဟာ ဝုဖ် အသင်းမှာ နည်းပြ နူနိုဆန်တို လုပ်ပြ နေတာတွေ လုပ်ပြ ခဲ့တာတွေကို သဘောကျ နှစ်သက်သူ ဖြစ်ပြီး ဂျိုတာရဲ့ အသင်း အကူးအပြောင်းမှာ ဘယ်လို အရာတွေက ၎င်းကို အကူအညီ ဖြစ်စေသလဲ ဆိုတာ ရှင်းပြလိုက်ပါတယ်။

ဆက်လက်ပြီး ကလော့က “အမှန်ပါပဲ။ ကျွန်တော် ဝုဖ်တို့ လုပ်နေတာတွေကို နှစ်သက်ပါတယ်။ သူတို့ဟာ လုံးဝကို ခြားနားတဲ့ ဗျူဟာနဲ့ ကစားနေတဲ့ အသင်း ဖြစ်ပေမယ့် သူတို့ဟာ တိုက်စစ် ကစားသမား အားလုံးကို ခံစစ်ပိုင်း အတွက် ကောင်းကောင်း ကူညီ ကစား စေပါတယ်။ တစ်သင်းလုံးဟာ ခံစစ် တာဝန်ကို ယူထားကြပြီး ဒီယေဂိုလည်း ပါဝင်ပါတယ်။ အမှန်ပါပဲ။ ဒါဟာ သူ့ကို နှစ်သက်တဲ့ အရာတွေ ထဲက တစ်ခုပါ။

အမှန်ပါပဲ။ သူ့အနေနဲ့ ဒီမှာ အသားတကျ ဖြစ်ဖို့ လုပ်သွားရမယ့် အရာ တစ်ချို့ ရှိသလို လေ့လာရမယ့် အရာတစ်ချို့လည်း ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဝုဖ် နဲ့ ကျွန်တော်တို့ လုပ်နေတဲ့ အရာတွေဟာ ခြားနားမှုတွေ ရှိနေလို့ပါ။ ဒါပေမယ့် လိုအပ်တဲ့ အရာတော်တော်များများ ကတော့ ရှိထားပြီးသား ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော် တအား စိတ်လှုပ်ရှား နေပါတယ်။” လို့ ဆိုခဲ့ ပါတယ်။

လီဗာပူး နည်းပြဟာ သူ့ရဲ့ တိုက်စစ်ပိုင်း ရွေးချယ်စရာ နဲ့ အင်အားကို မြှင့်တင် သွားရန် ရည်ရွယ်ချက် နဲ့ ဂျိုတာကို ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင်ဟာ လီဗာပူး ရဲ့ တိုက်စစ်မှာ ဆာဒီယိုမာနေး ၊ မိုဟာမက်ဆာလား ၊ ရော်ဘတ်တို ဖာမီနို တို့နဲ့ နေရာ တစ်နေရာစာ ပြိုင်ဆိုင် သွားရတော့မှာ ဖြစ်ပါတယ်။

လီဗာပူး နည်းပြက “ဒါဟာ သူ့အတွက် နောက်ထပ် ခြေလှမ်း တစ်ခု ဆိုတာ သူသိပါတယ်။ ပြီးခဲ့တဲ့နှစ်က ဆုဖလားတွေ အများကြီး ရရှိခဲ့တဲ့ အသင်းကို ဘယ်သူတွေက တိုးတက်အောင် လုပ်ပေး နိုင်မလဲ? ဆိုတာနဲ့ ပက်သက်ပြီး ကျွန်တော်တို့ အမြဲတမ်း ပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။ အရာတော်တော်များများဟာ ကျွန်တော်တို့ကို တိုးတက် စေနိုင်ပါတယ်။ သူဟာ ကျွန်တော်တို့မှာ မရှိတဲ့ အရာတွေကို ပေးစွမ်း နိုင်ပါတယ်။ ဒါ့ကြောင့် ဒီအပြောင်းအရွေ့ဟာ အရမ်း မိုက်တာပါ။

တိုးတက်ဖို့ လိုအပ်တဲ့ နေရာ ရှိတယ် ဆိုတဲ့ စကားကို ကျွန်တော် သိပ်ပြီးတော့ မကြိုက်ပါဘူး။ ဒါပေမယ့် ဒါဟာ တကယ် ရှိနေပါတယ်။ သူဟာ အခု ဆိုရင် ကျွန်တော်တို့ အတွက် ကစားပေးဖို့ အဆင်သင့် ဖြစ်နေပါပြီ။ အမှန်ပါပဲ။ တစ်စုံတစ်ရာတော့ လာလိမ့်မယ် ဆိုတာ ကျွန်တော် သေချာပေါက် ပြောရဲပါတယ်။

ကျွန်တော်တို့ရဲ့ ကစားပုံ ကျွန်တော်တို့ရဲ့ လေ့ကျင့်ပုံ ကျွန်တော်တို့ရဲ့ ဆက်ဆံပုံတွေဟာ သူ့ကို အကူအညီ ဖြစ်စေမှာလည်း ဖြစ်ပါတယ်။ ဒီလို အသင်းမျိုးမှာ ရှိနေတာ ကောင်းပါတယ်။ ဘာလို့လဲ ဆိုတော့ ကစားသမားကောင်းတွေ ဝန်းရံထားလို့ ဖြစ်ပြီး သူတို့ဟာ ခင်ဗျားကို တိုးတက် စေနိုင်မှာပါ။” လို့ ပြောခဲ့ပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular