အက်သလက်တီကိုတိုက်စစ်ကစားသမား ဒီပိုင်းက မိမိအနေဖြင့် ကစားသမားဘဝတစ်လျှောက် အခက်ခဲဆုံးရာသီနှင့် ရင်ဆိုင်နေရကြောင်း ညည်းတွားခဲ့သည်။
ဒီပိုင်းသည် ယခုရာသီတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရပြီး ဂျီဘရော်လ်တာကို အနိုင်ရသည့်ပွဲ၌ ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့သဖြင့် ပွဲချိန်(၆၃)မိနစ်တွင် ကလာဆန်နှင့်လူစားလဲခဲ့ရကြောင်း သိရှိရသည်။
ဒီပိုင်းက “ဒီပြဿနာနဲ့ပတ်သက်ပြီး အသေးစိတ်တော့ ကျွန်တော်မပြောနိုင်ပါဘူး။ ဒဏ်ရာ မပြင်းထန်ဖို့ မျှော်လင့်ပါတယ်။ ဒဏ်ရာတွေ မကြာခဏရနေတာက ကျွန်တော့်ကို စိတ်ပျက်စေပါတယ်။ ဒီရာသီက ကျွန်တော့်အတွက် စိတ်ပိုင်းရော ရုပ်ပိုင်းပါ ခက်ခဲပြီး ကစားသမားဘဝမှာ အခက်ခဲဆုံးရာသီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒဏ်ရာပြဿနာတွေက ဘောလုံးသမာ တွေရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ဒါကို လက်ခံရမှာပါ”ဟုဆိုခဲ့သည်။
ဒီပိုင်းသည် အက်သလက်တီကိုအသင်းအတွက် ယခုရာသီပြိုင်ပွဲစုံ (၃)ဂိုး သွင်းထားသည်။

