spot_img

၂၀၂၅-၂၆ ရာသီမှ ၂၀၂၈-၂၉ ရာသီအထိ ဗြိတိန်နိုင်ငံအတွင်း ရုပ်သံထုတ်လွှင့်ခွင့်များကို ပေါင်(၆.၇)ဘီလီယံဖြင့် ရောင်းချနိုင်ခဲ့ပြီဟု ပရီးမီးယားလိဂ် အတည်ပြု

ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် ၂၀၂၅-၂၆ ရာသီမှ ၂၀၂၈-၂၉ ရာသီအထိ ဗြိတိန်နိုင်ငံအတွင်း ရုပ်သံထုတ်လွှင့်ခွင့်များကို ပေါင်(၆.၇)ဘီလီယံဖြင့် ရောင်းချနိုင်ခဲ့ပြီဖြစ်ကြောင်း တနင်္လာနေ့တွင် အတည်ပြုကြေညာခဲ့သည်။

ယခုရောင်းချမှုအရ ဗြိတိန်နိုင်ငံအတွင်း ပရီးမီးယားလိဂ်ပွဲစဉ်အများစုကို Sky Sports ရုပ်သံက ထုတ်လွှင့်ပြသခွင့်ရရှိမည်ဖြစ်ပြီး တစ်ရာသီလျှင် အနည်းဆုံး(၂၁၅)ပွဲ ပြသခွင့်ရရှိမည်ဟု သိရသည်။

myan789

ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် ဗြိတိန်နိုင်ငံအတွင်း ရုပ်သံထုတ်လွှင့်ပြသခွင့်ကို Package (၅)ခု ခွဲခြားရောင်းချခဲ့ရာ Sky Sports က Package (၄)မျိုး အထိ ဝယ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် Sky Sports ရုပ်သံသည် ယခင်ကထက် တစ်ရာသီလျှင် ပရီးမီးယားလိဂ်ပွဲစဉ်(၁၀၀)အထိ ပိုမိုထုတ်လွှင့်ပြသခွင့်ရရှိမည်ဖြစ်ပြီး အခြားသောရုပ်သံဌာနများထက် တစ်ပတ်လျှင် အနည်းဆုံး(၄)ပွဲ ပိုမိုပြသခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စာချုပ်သစ်အရ Sky Sports သည် ပရိသတ်စိတ်အဝင်စားဆုံးဖြစ်သည့် ပရီးမီးယားလိဂ်၏ ရာသီပိတ်နောက်ဆုံးပွဲ စဉ်(၃၈)မှ (၁၀)ပွဲစလုံးကို ပထမဆုံးအကြိမ်အဖြစ် ထုတ်လွှင့်ပြသခွင့်ရရှိမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့ကြောင့် Sky Sports ရုပ်သံကို ပိုင်ဆိုင်ထားသော Dana Strong Group ၏ အမှုဆောင်ချုပ်ဖြစ်သူက Sky Sports ပရိသတ် များအတွက် စိတ်လှုပ်ရှားစရာရလဒ်ကို ဖန်တီးပေးနိုင်ခဲ့သည့်အတွက် ဂုဏ်ယူကြောင်းနှင့် တင်ဆက်မှုများကို ပိုမိုကောင်းမွန်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပရီးမီးယားလိဂ်၏ အဆိုပါ(၄)ရာသီစာ ရုပ်သံထုတ်လွှင့်ခွင့်ကို Sky Sports နှင့်အတူ TNT Sports နှင့် BBC တို့လည်း ဝယ်ယူနိုင်ခဲ့သည်။

TNT Sports က တစ်ရာသီလျှင် ပွဲပေါင်း(၅၂)ပွဲ တိုက်ရိုက်ထုတ်လွှင့်ပြသခွင့်ရရှိမည့် Package တစ်ခု ဝယ်ယူခဲ့ခြင်းဖြစ်ပြီး BBC က ပရီးမီးယားလိဂ်ပွဲစဉ်အားလုံး၏ Highlights ပြသခွင့်ကို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပရီးမီးယားလိဂ်သည် (၄)ရာသီစာ ရုပ်သံထုတ်လွှင့်ခွင့်ကို မူလသဘောတူညီထားသည့် စျေးနှုန်းထက်  (၄)ရာခိုင်နှုန်းစျေးတိုးမြှင့်ကာ ရောင်းချနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular