spot_img

၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို သြဂုတ် ၁၇ ရက်မှ မေ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး နှစ်သစ်ကူးကာလတွင် ပွဲစဉ်တစ်ခုနှင့်တစ်ခုအကြား အနည်းဆုံး နာရီ ၆၀ ကွာခြားစေရန် စီစဉ်ထား

၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ၂၀၂၄ ခုနှစ် သြဂုတ် ၁၇ ရက်မှ ၂၀၂၅ ခုနှစ် မေ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး နှစ်သစ်ကူးပွဲကျပ်ကာလတွင် ပွဲစဉ်တစ်ခုနှင့်တစ်ခုအကြား အနည်းဆုံး နာရီ ၆၀ ကွာခြားစေရန် စီစဉ်ထားကြောင်း သိရသည်။

လာမည့်ရာသီအတွက် ပြိုင်ပွဲကျင်းပမည့်ကာလကို ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စနေ၊ တနင်္ဂနွေ သီတင်းပတ်ကုန်တွင် ပွဲစဉ် ၃၃ ခု၊ ကြားရက်များတွင် ပွဲစဉ်လေးခုနှင့် ဘဏ်ပိတ်ရက်ကာလတွင် ပွဲစဉ်တစ်ခု ကျင်းပမည်ဖြစ်သည်။ 

myan789

လာမည့်ရာသီကို လက်ရှိကျင်းပနေသည့် ၂၀၂၃-၂၀၂၄ ရာသီပြီးဆုံးပြီးနောက် ရက်ပေါင်း ၉၀ အကြာနှင့် ယူရို-၂၀၂၄ ပြိုင်ပွဲကျင်းပပြီးနောက် ၃၄ ရက်အကြာ သြဂုတ် ၁၇ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။ ထို့ပြင် ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲကျပ်ကာလတွင် ကလပ်အသင်းများအား ပွဲစဉ်တစ်ခုနှင့်တစ်ခုအကြား အနည်းဆုံး နာရီ ၆၀ ကွာခြားမှုရှိစေရန် စီစဉ်ပေးထားပြီး ခရစ္စမတ်အကြို ဒီဇင်ဘာ ၂၄ ရက်တွင်လည်း ပွဲကစားရမည်မဟုတ်ကြောင်း သိရသည်။

“ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလတစ်လျှောက် များပြားတဲ့ ပွဲစဉ်အချိန်ဇယားကို ဖြေရှင်းဖို့ ကလပ်အသင်းတွေကို ပေးအပ်ထားတဲ့ ကတိကဝတ်များနှင့်အညီ ပွဲစဉ်သုံးခုအတွက် အနားယူချိန်ပိုရစေဖို့ စီစဉ်ဆောင်ရွက်သွားမှာပါ။ ပွဲစဉ်တစ်ခုကစားအပြီး နာရီ ၆၀ အတွင်း ဘယ်အသင်းမှ နောက်ထပ်တစ်ပွဲ ကစားရမှာ မဟုတ်ပါဘူး။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှာလည်း ကစားရမယ့်ပွဲစဉ်မရှိပါဘူး” ဟု ပရီးမီးယားလိဂ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဥရောပထိပ်တန်းလိဂ် ပြိုင်ပွဲအများစုမှာ ခရစ္စမတ်နေ့မတိုင်မီ ဒီဇင်ဘာ ၂၃ ရက်အထိသာ ယှဉ်ပြိုင်ကစားရသလို နှစ်သစ်ကူးရက်တွင်လည်း ပွဲကစားရခြင်းမရှိဘဲ အားလပ်ရက်ရရှိထားသည်။ ပရီးမီးယားလိဂ်မှာမူ ဒီဇင်ဘာ ၃၁ ရက်နှင့် ဇန်နဝါရီ ၁ ရက်တွင် ပွဲစဉ်များရှိသလို ခရစ္စမတ်အကြိုနေ့တွင်လည်း ပွဲကစားရသဖြင့် ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့သည်။

ရာသီပြီးဆုံးချိန်မှာ ယခုရာသီထက် တစ်ပတ်နောက်ကျ၍ မေ ၂၅ ရက်မှသာ ပြီးဆုံးမည်ဖြစ်သောကြောင့် ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရမည့် မန်စီးတီးနှင့် ချယ်လ်ဆီးအသင်းအနေဖြင့် ပြင်ဆင်ချိန် သုံးပတ်သာရရှိမည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃၂ သင်း ပြိုင်ပွဲအဖြစ် ပထမဆုံးအကြိမ် ကျင်းပမည် ဖြစ်ပြီး အမေရိကန်နိုင်ငံ၌ ဇွန် ၁၅ ရက်မှ ဇူလိုင် ၁၃ ရက်အထိ ကျင်းပမည်ဖြစ်ရာ မန်စီးတီးနှင့် ချယ်လ်ဆီးအသင်းမှာ ပြင်ဆင်ချိန် သုံးပတ်သာရရှိမည်ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular