ဘော့စနီးယား – ဖင်လန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၃ ရက် ည ၈:၃၀ နာရီ)
ဘော့စနီယားရော၊ ဖင်လန်ပါ အုပ်စုဒုတိယနေရာအတွက် မျှော်လင့်ချက်ရှိနေပါတယ်။ နိုင်တဲ့အသင်းက ပိုအခွင့်အရေးသာတယ်။ ခြေသိပ်မကွာကြဘူး။ ပထမအကျော့တုန်းက သရေကျထားတယ်။ ဒီပွဲလည်း သရေကျနိုင်တယ်။
နော်ဝေ – လတ်ဗီးယား (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၃ ရက် ည ၁၁:၃၀ နာရီ)
ခြေစစ်ပွဲအောင်ဖို့ နော်ဝေအတွက် အမှားခံလို့မရတဲ့ပွဲပါ။ နယ်သာလန်၊ တူရကီတို့နဲ့ အပြိုင်ဖြစ်နေချိန်မှာ နော်ဝေတို့ အခု ပွဲကို သေချာပေါက်အနိုင်ရအောင် ကစားပါလိမ့်မယ်။ ဟော်လန်း မပါနိုင်ပေမဲ့ နော်ဝေတို့ နိုင်ပွဲဆက်ပါဦးမယ်။
ပြင်သစ် – ကာဇက်စတန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၄ ရက် နံနက် ၂:၁၅ နာရီ)
ပြင်သစ်က အနည်းဆုံးတော့ Play-offs အဆင့်ကို သေချာနေပါပြီ။ ဒါပေမဲ့ ဒီပွဲနိုင်ရင် အုပ်စုဗိုလ်နေရာအတွက်ပါ သေချာသလောက်ဖြစ်သွားမယ်။ ဂိုးများများသွင်းရင် ပိုသေချာတယ်။ ကာဇက်စတန်က အားအနည်းဆုံးအသင်းဖြစ်လို့ ပြင်သစ်ကိုပဲ ကြိုက်တယ်။
ဘယ်လ်ဂျီယံ – အက်စ်တိုးနီးယား (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၄ ရက် နံနက် ၂:၁၅ နာရီ)
ဘယ်လ်ဂျီယံကလည်း အနည်းဆုံး Play-offs သေချာနေတဲ့အသင်းဖြစ်ပြီး ဒီပွဲမှာ နိုင်ရင် နောက်ဆုံးကစားရမယ့် ဝေးလ်စ်နဲ့ပွဲကျပ်ကို စောင့်စရာမလိုတော့ဘူး။ အက်စ်တိုးနီးယားရဲ့အနေအထားကလည်း ဘယ်လ်ဂျီယံကို တားဆီးနိုင်စရာမရှိပါဘူး။ ဘယ်လ်ဂျီယံ ဂိုးမိုးရွာဦးမယ်ထင်တယ်။
ဝေးလ်စ် – ဘီလာရုစ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၄ ရက် နံနက် ၂:၁၅ နာရီ)
ဝေးလ်စ်က ဒီပွဲနိုင်ရင် အုပ်စုဒုတိယနေရာအတွက် တော်တော်လေးအလားအလာကောင်းသွားပါပြီ။ နောက်ဆုံးပွဲမှာ ဘယ်လ်ဂျီယံကို ရှုံးခဲ့ရင်တောင် ဒီပွဲမှာ ဂိုးပြတ်သွင်းနိုင်ရင် မျှော်လင့်ချက်ရှိပါတယ်။ ဝေးလ်စ် အနိုင်သေချာတယ်။
မွန်တီနီဂရိုး – နယ်သာလန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၄ ရက် နံနက် ၂:၁၅ နာရီ)
နယ်သာလန်က ဒီပွဲမှာ အမှားအယွင်းရှိခဲ့ရင် နောက်ဆုံးပွဲမှာ အခြေအနေပိုဆိုးသွားနိုင်တယ်။ အိမ်ကွင်းမှာ ကစားရမှာဖြစ်ပေမဲ့ ပြိုင်ဘက်က နော်ဝေဖြစ်နေတယ်။ ဒါပေမဲ့ ဒီပွဲကို နိုင်ရင်တော့ နောက်ဆုံးပွဲကို အိမ်ကွင်းမှာ သရေကစားရုံပါပဲ။ နယ်သာလန် အနိုင်ကစားလိမ့်မယ်။