spot_img

၂၀၂၁ ဥရောပစူပါဖလား ပွဲကြိုသုံးသပ်ချက်

ချယ်လ်ဆီး – ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် သြဂုတ် ၁၂ ရက်၊ နံနက် ၁:၃၀ နာရီ)
ချန်ပီယံလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်းက Mind Series ပွဲစဉ်တွေမှာ မြို့ခံပြိုင်ဘက် အာဆင်နယ်၊ စပါးအသင်းတွေနဲ့ ကစားခဲ့ပြီး အခုပွဲအတွက် ပြင်ဆင်မှုကောင်းကောင်းပြုလုပ်နိုင်ခဲ့တယ်။ ဒီနှစ်သင်းအကြားမှာ ကွာခြားချက်များပေမဲ့ ဗီလာရီးယဲလ်အသင်းက ယူရိုပါလိဂ်မှာ အာဆင်နယ်၊ မန်ယူအသင်းတွေကို ကျော်ဖြတ်ဗိုလ်စွဲခဲ့ပြီး ရှုံးပွဲမရှိ ချန်ပီယံဖြစ်ခဲ့တဲ့အသင်းဖြစ်လို့ လျှော့တွက်လို့တော့မရပါဘူး။ ချယ်လ်ဆီးအသင်းက စူပါဖလားပြိုင်ပွဲတွေမှာ နောက်ဆုံး(၃)ကြိမ်ဆက် အရေးနိမ့်ထားသလို၊ အင်္ဂလန်ကလပ်အသင်းတွေကလည်း ၂၀၁၅ ပြိုင်ပွဲနောက်ပိုင်းကတည်းက အင်္ဂလန်ပြင်ပကလပ်အသင်းတွေနဲ့ တွေ့ဆုံမှုတွေမှာ (၅)ကြိမ်ဆက် အရေးနိမ့်ထားပါတယ်။ ချယ်လ်ဆီးက ပြီးခဲ့တဲ့ရာသီကအသင်းထက် ပိုမိုအင်အားတောင့်တင်းလာမယ့်အနေအထားရှိပြီး လက်ရှိ လူငယ်တွေများတဲ့အစုအဖွဲ့ကလည်း ချန်ပီယံလိဂ်ဖလား ဆွတ်ခူးထားတဲ့အရှိန်ကြောင့် ယုံကြည်မှုပိုမြင့်မားနိုင်တာကိုလည်း သတိပြုရမယ်။ ဗီလာရီးယဲလ်ကတော့ ရာသီကြိုခြေစမ်းပွဲ (၆)ပွဲလောက်ကစားခဲ့ပေမဲ့ တစ်ပွဲမှ အနိုင်မရခဲ့ပါဘူး။ ပါအူတောရက်စ် မကစားနိုင်တဲ့ ခံစစ်ပိုင်းကလည်း အနည်းငယ်အားနည်းချက်ရှိနိုင်တယ်။ ချယ်လ်ဆီးအသင်းပဲ ဗိုလ်စွဲမှာပါ။

myan789

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular