spot_img

၂၀၂၁ ခုနှစ် Ballon d’Or ဆုပေးပွဲကို နိုဝင်ဘာ(၂၉)တွင် ပြုလုပ်မည်ဖြစ်ပြီး အောက်တိုဘာ(၈)တွင် ဆန်ခါတင်စာရင်း ထုတ်ပြန်မည်

၂၀၂၁ ခုနှစ်အတွက် Ballon d’Or ဆုပေးပွဲကို နိုဝင်ဘာ(၂၉)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဆန်ခါတင်ကစားသမား(၃၀)ဦးစာရင်းကို အောက်တိုဘာ(၈)ရက်နေ့၌ ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (Ballon d’Or) မှာ ကစားသမားတိုင်း တန်ဖိုးထားသည့် ထူးချွန်ဆုတစ်ခုဖြစ်ပြီး ပြင်သစ်ဘောလုံးမဂ္ဂဇင်းက နှစ်စဉ်ချီးမြှင့်ပေးနေခြင်းဖြစ်သည်။

myan789

သို့သော် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်တွင်မူ ကပ်ဘေးကြောင့် ဘောလုံးပြိုင်ပွဲများ ကမောက်ကမဖြစ်ခဲ့သည့်အတွက် Ballon d’Or ဆုကို ချီးမြှင့် ခြင်းမပြုခဲ့ပေ။

ယခုအခါ ၂၀၂၁ ခုနှစ်အတွက် Ballon d’Or ဆုပေးပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး နိုဝင်ဘာ(၂၉)ရက် တနင်္လာနေ့တွင် ပါရီမြို့၌ ဆုပေးပွဲအခမ်းအနား ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။

ယင်းအတွက် ဆန်ခါတင်ကစားသမား (၃၀)ဦးစာရင်းကို အောက်တိုဘာ(၈)ရက်နေ့တွင် ထုတ်ပြန်မည်ဖြစ်ပြီး အကောင်းဆုံးကစားသမားကို ဂျာနယ်လစ်(၁၈၀)ဦး၏ ဆန္ဒမဲဖြင့် ရွေးချယ်သွားမည်ဟု သိရသည်။

ယခုနှစ်တွင် အကောင်းဆုံးအမျိုးသမီးဆု၊ အကောင်းဆုံးလူငယ်ကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆုများကိုလည်း ချီးမြှင့်သွားမည်ဖြစ်ပြီး အမျိုးသမီးဆုကို ဂျာနယ်လစ် (၅၀)၏ ဆန္ဒမဲ၊ ဂိုးသမားဆုကို ဂျာနယ်လစ်(၁၈၀)၏ ဆန္ဒမဲဖြင့်ရွေးချယ်မည်ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular