spot_img

၂၀၂၁ FIFPro ကမ္ဘာ့အကောင်းဆုံးအသင်းဆန်ခါတင်စာရင်း၌ ဆာလာ မပါခြင်းနှင့် ဘာစီလိုနာကစားသမားများပြားနေခြင်းကို ပရိသတ်များဝေဖန်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA နှင့် ပရော်ဖက်ရှင် နယ်ဘောလုံးသမားများအဖွဲ့အစည်း (FIFPro) တို့သည် ၂၀၂၁ FIFA FIFPro ကမ္ဘာ့အကောင်းဆုံးအသင်းအတွက် ဆန်ခါတင် (၂၃)ဦးစာရင်းကို ဒီဇင်ဘာ (၁၄)ရက် (အင်္ဂါနေ့)က ထုတ်ပြန်ခဲ့ပြီး ယင်းစာရင်းတွင် လီဗာပူးလ်တိုက်စစ်မှူး ဆာလာ မပါဝင်ခြင်းနှင့် ဘာစီလိုနာအသင်းမှ ကစားသမား (၄)ဦးအထိပါဝင်နေခြင်းကို ဘောလုံးပရိသတ်များ ဝေဖန်ခဲ့ကြကြောင်း သိရသည်။

FIFA နှင့် FIFPro တို့သည် ၂၀၂၁ FIFA FIFPro ကမ္ဘာ့အကောင်းဆုံးအသင်း ဆန်ခါတင်စာရင်းအတွက် ၂၀၂၀-၂၁ ရာသီအတွင်း ဂိုးသမား၊ နောက်တန်း၊ အလယ်တန်းနှင့် ရှေ့တန်းတို့တွင် အကောင်းဆုံးခြေစွမ်းပြခဲ့သည့် ကစားသမားများကို ကမ္ဘာအနှံ့မှ ပရော်ဖက်ရှင်နယ်ကစားသမားများအား မဲပေးရွေးချယ်စေခဲ့ကြောင်း သိရသည်။

myan789

လက်ရှိ ဆန်ခါတင် (၂၃)ဦးတွင် ဂိုးသမား (၃)ဦး၊ နောက်တန်း (၆)ဦး၊ အလယ်တန်း (၆)ဦးနှင့် ရှေ့တန်း (၈)ဦးပါဝင်ပြီး ၎င်းတို့အားလုံးမှာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားများ၏ မဲပေးရွေးချယ်မှုတွင် မဲအများဆုံးရသူများဖြစ်ကြောင်း FIFA နှင့် FIFA FIFPro က ထုတ်ပြန်ထားသည်။

သို့သော် ယခုဆန်ခါတင်စာရင်း၌ ပြီးခဲ့သည့်ရာသီက ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုအသင်းတွင် ကစားခဲ့သည့် ဘရာဇီးလ်နောက်ခံလူ အဲလ်ဗတ်စ်ပါဝင်နေခြင်း၊ ပြီးခဲ့သည့်ရာသီက စပိန်ဘုရင့်ဖလားတစ်လုံးသာ ရယူနိုင်ခဲ့သည့် ဘာစီလိုနာအသင်းမှ ကစားသမား (၄)ဦးအထိပါဝင်ခြင်းနှင့် လီဗာပူးလ်တိုက်စစ်မှူး ဆာလာ မပါဝင်ခြင်းတို့ကို ဘောလုံးပရိသတ်များက ဝေဖန်ခဲ့ကြသည်။

ပရိသတ် တစ်ဦးက “စိတ်ပျက်စရာပါပဲ။ စိတ်ပူဖို့လည်းကောင်းတယ်” ဟု ရေးသားခဲ့ပြီး အခြားပရိသတ်တစ်ဦးက”ဘာစီလိုနာက (၄)ဦးပါပြီး ဘိုင်ယန်က (၁)ဦးပဲပါတယ်။ ဆာလာအတွက် နေရာမရှိဘူးတဲ့။ ရယ်စရာပဲ” ဟု ရေးသားခဲ့သည်။

ဘောလုံး ပရိသတ်တစ်ဦးက “ဒီဆုကို အတည်ယူလို့ မရတော့ဘူး။ ဒါက ရယ်စရာပါပဲ” ဟု ရေးသားခဲ့သည်။ ၂၀၂၁ FIFA FIFPro ကမ္ဘာ့အကောင်းဆုံးအသင်းကို ဇန်နဝါရီ (၁၇)ရက် တွင် FIFA The Best ဆုပေးပွဲ၌ ကြေညာမည်ဖြစ်သည်။

၂၀၂၁ FIFA FIFPro ကမ္ဘာ့အကောင်းဆုံး အသင်းအတွက် ဆန်ခါတင်(၂၃)ဦးစာရင်း

ဂိုးသမား – အယ်လစ်ဆန်(လီဗာပူးလ်/ဘရာဇီးလ်)၊ ဒွန်နာရမ်မာ (PSG/အီတလီ)၊ မန်ဒီ(ချယ်လ်ဆီး/ဆီနီဂေါ)

နောက်တန်း – အယ်လ်ဘာ(ဘာစီလိုနာ/စပိန်)၊ အလာဘာ (ရီးယဲလ်/သြစတြီးယား)၊ အာနိုးလ်(လီဗာပူးလ်/အင်္ဂလန်)၊ အဲလ်ဗတ်စ်(ဘာစီလိုနာ/ဘရာဇီးလ်)၊ ဒီယက်စ်(မန်စီးတီး/ပေါ်တူဂီ)၊ ဘိုနူချီ (ဂျူဗင်တပ်စ်/အီတလီ)

အလယ်တန်း – ဘူးစကွက်စ်(ဘာစီလိုနာ/စပိန်)၊ ဒီဘရိုင်းနား (မန်စီးတီး/ဘယ်လ်ဂျီယံ)၊ ဘရူနိုဖာနန်ဒက်စ်(မန်ယူ/ပေါ်တူဂီ)၊ ဖရန်ကီဒီယွန်း(ဘာစီလိုနာ/နယ်သာလန်)၊ ဂျော်ဂျင်ဟို(ချယ်လ်ဆီး/အီတလီ)၊ ကွန်တေ(ချယ်လ်ဆီး/ပြင်သစ်)

ရှေ့တန်း – ဘန်ဇီမာ(ရီးယဲလ်/ပြင်သစ်)၊ စီရော်နယ်လ်ဒို (မန်ယူ/ပေါ်တူဂီ)၊ ဟော်လန်း(ဒေါ့မွန်/နော်ဝေ)၊ လီဝန်ဒေါစကီး(ဘိုင်ယန်မြူးနစ်/ပိုလန်)၊ လူကာကူ(ချယ်လ်ဆီး/ ဘယ်လ်ဂျီယံ)၊ ဘာပေ (PSG/ပြင်သစ်)၊ မက်ဆီ(PSG/အာဂျင်တီးနား)၊ နေမာ(PSG/ဘရာဇီးလ်)

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular