ဘိုင်ယန်မြူးနစ်နှင့် ဂျာမနီဂန္ထဝင်ဂိုးသမားဟောင်း အိုလီဗာခန်းက ၂၀၂၁ Ballon d’Or ဆုကို ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးသာရသင့်ကြောင်း ပြောကြားခဲ့့သည်။
၂၀၂၁ Ballon d’Or ဆုပေးပွဲကို နိုဝင်ဘာ ၂၉ ရက်တွင် ပါရီမြို့၌ ပြုလုပ်မည်ဖြစ်ပြီး PSG တိုက်စစ်မှူး မက်ဆီက ဆုရရှိ ရန် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။
သို့သော် အိုလီဗာခန်းက ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးသာ Ballon d’Or ဆုနှင့် အထိုက်တန်ဆုံးဖြစ်ကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။
အိုလီဗာခန်းက “Ballon d’Or ဆုကို လီဝန်ဒေါစကီး မရဘူးဆိုရင် ကျွန်တော် အရမ်းစိတ်ပျက်ရပါလိမ့်မယ်။ ဒီနှစ် Ballon d’Or ဆုအတွက် လီဝန်ဒေါစကီးထက် ထိုက်တန်သူတစ်ဦးမှ မရှိပါဘူး”ဟု ပြောကြားသည်။
လီဝန်ဒေါစကီး (၃၃ နှစ်)သည် ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီတွင် ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲစုံ ပွဲ (၄၀) တွင် (၄၈) ဂိုးအထိ သွင်းယူခဲ့သလို ယခုရာသီတွင်လည်း ပြိုင်ပွဲစုံ (၁၉) ပွဲတွင်လည်း (၂၅) ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြကစားလျက်ရှိသည်။