spot_img

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂိုးစည်းပေါ်မှ လက်ဖြင့်ပုတ်ထုတ်ခဲ့ခြင်းအတွက် နောင်တမရကြောင်း ဆွာရက်ဇ် ဆို

ဥရုဂွေးအသင်း၏ ၀ါရင့်တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂိုးစည်းပေါ်မှ လက်ဖြင့် ပုတ်ထုတ်ခဲ့သည့် လုပ်ရပ်အတွက် နောင်တမရမိကြောင်းနှင့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချီလီနီ၏ ပခုံးကို ကိုက်ခဲ့ခြင်းအတွက်မူ ပြန်လည်တောင်းပန်လိုကြောင်း ပြောကြားခဲ့သည်။  

၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ကွာတားဖိုင်နယ်အဆင့်တွင် ဥရုဂွေးအသင်းနှင့် ဂါနာအသင်းတို့ ဆုံတွေ့ခဲ့ကြပြီး ထိုအချိန်က ဂါနာအသင်းသည် ဥရုဂွေးအသင်းကို အနိုင်ရခဲ့ပါက ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင် ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်သည့် အာဖရိကအသင်းတစ်သင်းအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။ 

myan789

ယင်းပွဲတွင်  ဂါနာအသင်းနှင့် ဥရုဂွေးတို့သည် မိနစ် (၉၀) သရေကျနေခဲ့ပြီးနောက် အချိန်ပိုဆက်ကစားခဲ့ကြသည်။ အချိန်ပို၏ နောက်ဆုံးမိနစ်တွင်မူ ဂါနာအသင်းက ဂိုးသွင်းယူရန် ကြိုး ပမ်းခဲ့ရာတွင် သေချာပေါက်ဂိုးထဲဝင်မည့် ဘောလုံးအား လူးဝစ်ဆွာရက်ဇ်က ဂိုးစည်းပေါ်မှ လက်ဖြင့် ပုတ်ထုတ်ခဲ့သည်။ 

ယင်းလုပ်ရပ်ကြောင့် ဆွာရက်ဇ်သည် အနီကတ် ပြထုတ်ပယ်ခံခဲ့ရသလို၊ ဂါနာအသင်းသည် ပယ်နယ်တီ ကန်ခွင့်ရခဲ့သည်။ ယင်းပယ်နယ်တီကို အဆာမိုဂျန်က ကန်သွင်းခဲ့ရာ ဂိုးဘားတန်းကို ထိမှန်ပြီး ဂိုးမဝင်ခဲ့သဖြင့် အချိန်ပိုတွင် သရေထပ်ကျပြီး ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရခြင်းဖြစ်သည်။ ပယ်နယ်တီအဆုံးအဖြတ်တွင်မူ ဥရုဂွေးအသင်းက အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့ခြင်းလည်းဖြစ်သည်။ 

ယခုအချိန်တွင် ဥရုဂွေးအသင်းနှင့် ဂါနာအသင်းတို့သည် အုပ်စုမှ တက်ရန်အတွက် အုပ်စုနောက်ဆုံးပွဲစဉ်တွင် ထိပ်တိုက်ရင်ဆိုင်ပြီး ကြိုးပမ်းရမည်ဖြစ်၍ ယင်းဖြစ်ရပ်အတွက် ဆွာရက်ဇ်အား မေးမြန်းခဲ့ရာ ဆွာရက်ဇ်က “ဂါနာ ကစားသမားက ပယ်နယ်တီလွဲခဲ့တာလေ။ ကျွန်တော် လွဲခဲ့တာ မဟုတ်ဘူး။ သူတို့ ပြိုင်ပွဲက ထွက်ရတာ ကျွန်တော့် အမှားမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော် မတောင်းပန်နိုင်ဘူး။ ကစားသမားတစ်ဦးကို ဒဏ်ရာရအောင် လုပ်ခဲ့မိရင် ကျွန်တော် တောင်းပန်မှာပဲ။ ဒါပေမဲ့ ဘောလုံးကို လက်နဲ့ ပုတ်မိခဲ့တဲ့အတွက်တော့ ကျွန်တော် အနီကတ်အပြခံခဲ့ရတယ်။ ပယ်နယ်တီလွဲတဲ့သူက ကျွန်တော်သာဆိုရင် ကျွန်တော့်အမှားဖြစ်နိုင်ပေမဲ့ ကျွန်တော်က ပယ်နယ်တီ လွဲခဲ့သူလည်းမဟုတ်ဘူး”ဟု ပြောကြားခဲ့သည်။ 

ဆွာရက်ဇ်သည် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အငြင်းပွားစရာဖြစ်ရပ်ကို ဖန်တီးခဲ့သလို၊ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း အီတလီအသင်းနှင့် ကစားခဲ့သည့် ပွဲစဉ်တွင် အီတလီနောက်ခံလူ ချီလီနီ၏ ပခုံးကိုသွားဖြင့် ကိုက်ခဲ့ခြင်းကြောင့် အနီကတ်အပြခံခဲ့ရသူဖြစ်သည်။ သို့သော် ယင်းလုပ်ရပ်အတွက်မူ  ချီလီနီက ပြန်လည်တောင်းပန်လိုသည်ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular