spot_img

ဥရောပစူပါလိဂ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်ကစားသမားများကို ဆယ်ဖာရင် သတိပေး

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ဥက္ကဋ္ဌ ဆယ်ဖာရင်က ဥရောပစူပါလိဂ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကစားသမားများကို ပြိုင်ပွဲယှဉ်ပြိုင်ခွင့်များ ပိတ်ပင်သွားမည်ဟု သတိပေးပြောကြားခဲ့သည်။

ဥရောပထိပ်သီးအသင်းများသည် UEFA ၏ ဦးဆောင်မှုအောက်မှ ခွဲထွက်၍ ဥရောပစူပါလိဂ်ပြိုင်ပွဲကို အကောင်အထည်ဖော်ရန် စီစဉ်နေပြီဖြစ်သောကြောင့် ဆယ်ဖာရင်က ယခုကဲ့သို့ သတိပေးခဲ့ခြင်းလည်းဖြစ်သည်။

myan789

ဆယ်ဖာရင်က ယင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သော ကစားသမားများအနေဖြင့် UEFA မှ ကြီးမှူးကျင်းပနေသော ပြိုင်ပွဲအားလုံးတွင် ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခံရမည်ဖြစ်သလို၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)မှ ကြီးမှူးကျင်းပသည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်မဟုတ်ကြောင်း ဆိုခဲ့သည်။

ဆယ်ဖာရင်က “ကျွန်တော်တို့ လုပ်နိုင်သမျှ အရေးယူမှုအားလုံး ပြုလုပ်သွားမှာပါ။ ဥရောပစူပါလိဂ်မှာ ပါဝင်ယှဉ်ပြိုင်မယ့် ကလပ်အသင်းတွေကို ကျွန်တော်တို့ရဲ့ ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခွင့် ပိတ်ပင်သွားမှာဖြစ်သလို၊ ကစားသမားတွေကိုလည်း ယှဉ်ပြိုင်ခွင့် ပိတ်ပင်သွားမှာပါ” ဟု ပြောကြားခဲ့သည်။

ဆယ်ဖာရင်က ဥရောပစူပါလိဂ်ပြိုင်ပွဲသည် ဘောလုံးလောကအား မျက်နှာကိုတံတွေးနှင့်ထွေးသည့်ပြိုင်ပွဲဟု ဆိုခဲ့သလို၊ ယင်းပြိုင်ပွဲ ဖြစ်ပေါ်လာရန် ဦးဆောင်နေသူတစ်ဦးဖြစ်သော ဂျူဗင်တပ်စ်အသင်းဥက္ကဋ္ဌ အက်ဂ်နယ်လီ၏ လုပ်ရပ်ကိုလည်း အလွန်စိတ်ပျက်စရာကောင်းသည်ဟု ပြောကြားခဲ့သည်။

ဆယ်ဖာရင်သည် ကလပ်အသင်းများအပေါ် အရေးယူမှုများအား အမြန်ဆုံးစတင်ရန် စီစဉ်နေပြီး ဥရောပစူပါလိဂ်ပြိုင်ပွဲတွင် ပါဝင်မည်ဟု ကြေညာထားသည့် ကလပ်အသင်းများကို ယခုရာသီတွင်ပင် ပြိုင်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်မှုပြုလုပ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။

ထို့ကြောင့် ချန်ပီယံလိဂ်မှ ရီးယဲလ်၊ မန်စီးတီးနှင့် ချယ်လ်ဆီး၊ ယူရိုပါလိဂ်မှ မန်ယူနှင့် အာဆင်နယ်တို့ ဆက်လက်ယှဉ်ပြိုင်ခွင့်ရရှိရန် မသေချာတော့ကြောင်းလည်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular