spot_img

အဲလ်ဗတ်စ်နှင့် မာဆယ်လိုတို့ လာလီဂါတွင် အတူတွဲဖက်ကစားဖွယ်ရှိနေပြီး ရော်နယ်လ်ဒို ပိုင်ဆိုင်သည့် ဗယ်လာဒိုလစ်အသင်းမှ ခေါ်ယူရန်စီစဉ်နေဟု စပိန်မီဒီယာများ ဖော်ပြ

လာလီဂါပြိုင်ပွဲ၏ ၀ါရင့်နောက်ခံလူနှစ်ဦးဖြစ်သည့် ဘာစီလိုနာနောက်ခံလူဟောင်း အဲလ်ဗတ်စ် (၃၉ နှစ်)နှင့် ရီးယဲလ်မက်ဒရစ်နောက်ခံလူဟောင်း မာဆယ်လို (၃၄ နှစ်)တို့အား လာလီဂါတွင် အတူတွဲဖက်ကစားသည်ကို မြင်တွေ့ရဖွယ်ရှိနေပြီး ဘရာ ဇီးလ်ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်လ်ဒို ပိုင်ဆိုင်သည့် ဗယ်လာဒိုလစ်အသင်းက ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

အဲလ်ဗတ်စ်နှင့် မာဆယ်လိုတို့သည် ကလပ်အသင်းများဖြစ်သည့် ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်တို့နှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူများဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံးအား အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်မည်ဖြစ်သည်။

myan789

ထို့ကြောင့် ယခုရာသီတွင် လာလီဂါပြိုင်ပွဲသို့ တန်းတက်လာနိုင်ခဲ့သည့် ဗယ်လာဒိုလစ်အသင်းက အဲလ်ဗတ်စ် နှင့် မာဆယ်လိုတို့ကိုခေါ်ယူရန် ပစ်မှတ်ထားနေခြင်း ဖြစ်သည်။

ဗယ်လာဒိုလစ်အသင်းပိုင်ရှင်ဖြစ်သည့် ဘရာဇီးလ်တိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒိုသည် ဘရာဇီးလ်လက်ရွေးစင်ကစားသမား (၂)ဦး ဖြစ်သည့် အဲလ်ဗတ်စ်နှင့် မာဆယ်လိုတို့ အားခေါ်ယူကာ အသင်း၏ပုံရိပ်ကို မြှင့်တင်လိုနေပြီး ၎င်းတို့ (၂)ဦး၏အတွေ့အကြုံနှင့် စွမ်းဆောင်ရည်က အသင်း၏ အရည်အသွေးကို မြင့်တက်စေလိမ့်မည်ဟု ယုံကြည်နေကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။

လက်ရှိတွင် မာဆယ်လိုအနေဖြင့် ရီးယဲလ်အသင်းမှထွက်ခွာပြီးနောက် အနာဂတ်အတွက်စဉ်းစားဆုံးဖြတ်ထားခြင်းမရှိသေးဘဲ ဘရာဇီးလ်တွင် ပြန်လည်ကစားမည်ဟု သတင်းများထွက်ပေါ်နေသလို၊ အဲလ်ဗတ်စ်ကို ခေါ်ယူရန် မာယော့ကာအသင်းကလည်း စိတ်ဝင်စားနေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular