spot_img

အဲဗာတန် ကစားသမားတွေဟာ အချိန်ဆွဲ ကစားခဲ့ကြောင်း နဲ့ လက်ရှိအချိန်မှာ သူတို့ အလေးထား လုပ်ဆောင်နေတဲ့ အရာကို ပြောပြလိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ မီခေးလ် အာတီတာ က အဲဗာတန် နဲ့ ပွဲမှာ ပြိုင်ဘက် ကစားသမားတွေဟာ ခံစစ်ကို အလွန်အကျွံ ပိတ်ဆော့ပြီး အချိန်ဆွဲ ကစားခဲ့ကြောင်း ဝေဖန် လိုက်ပါတယ် ။

ဒါ့အပြင် အာတီတာ က လက်ရှိ အချိန်မှာ သူတို့ အသင်းဟာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည် ရရှိဖို့ နဲ့ နိုင်ပွဲတွေ ရရှိဖို့ကို အဓိက ပစ်မှတ်ထား လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ဝန်ခံ ပြောကြား သွားခဲ့ပါတယ် ။

myan789

ဒီတစ်ပတ်ပရီးမီးယားလိဂ် ပွဲစဉ် (၁၄) တွင် အာဆင်နယ် အသင်းဟာ အဝေးကွင်းမှာ အဲဗာတန် အသင်းကို နှစ်ဂိုး တစ်ဂိုးနဲ့ ရှုံးနိမ့် သွားခဲ့ပြီး ပရီးမီးယားလိဂ် ၇ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးမှု နဲ့ ကြုံတွေ့ သွားခဲ့ရပါတယ် ။

အဲဗာတန် အသင်းဟာ အာဆင်နယ် နောက်ခံလူ ဟိုးလ်ဒင်း ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ပွဲကို ဦးဆောင် နိုင်ခဲ့ပြီး ပေပေ က ပင်နယ်တီ ကနေ တစ်ဆင့် အာဆင်နယ် အတွက် ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့ပါတယ် ။

ဒါပေမယ့်လည်း ပထမပိုင်း ပြီးခါနီးမှာ မီနာ က ခေါင်းတိုက်ပြီး အဲဗာတန် အတွက် ဦးဆောင်ဂိုး ပြန်လည် သွင်းယူ ပေးခဲ့ပါတယ် ။ ဒုတိယပိုင်းမှာ အာဆင်နယ် အသင်းဟာ ကစားပုံ ပိုကောင်းလာခဲ့ပေမယ့် လိုအပ်နေတဲ့ ချေပဂိုးကို မသွင်းနိုင်တာကြောင့် အမှတ်ဗလာ နဲ့ အိမ်ပြန် ခဲ့ရပါတယ် ။

အဲဗာတန် အသင်းကို ရှုံးနိမ့် တာဟာ အာဆင်နယ် အတွက် ဒီရာသီ ၈ ပွဲမြောက် ရှုံးပွဲ ဖြစ်ပြီး ၁၄ ပွဲ ကစားအပြီးမှာ တစ်ပွဲ တစ်မှတ်နှုန်း နဲ့ ရမှတ် ၁၄ မှတ်သာ ရရှိထားကာ တန်းဆင်းဇုန် နဲ့ ၄ မှတ်သာ ကွာဟပါတော့တယ် ။

အာဆင်နယ် နည်းပြ အာတီတာ က ပွဲအပြီး အင်တာဗျူးမှာ ” ခံစစ် မှာ အထပ်ထပ် ပိတ်ဆို့ထားတဲ့ အသင်း နဲ့ ကစားရတာ အင်မတန် ခက်ခဲပါတယ် ၊ သူတို့က အချိန်လည်း ဆွဲကစား ခဲ့ပါတယ် ၊ သူတို့အတွက်ကတော့ သူတို့ ကစားရမယ့် အတိုင်း ကစားသွားတာပေါ့ဗျာ ။ ”

” ဂိုးတွေ အလွယ်တကူ ခွင့်ပြုပြီး ပိုမို ခက်ခဲသွားအောင် ကျွန်တော်တို့ ကိုယ်တိုင်ပဲ လုပ်ခဲ့မိတာပါ ။ နေရာလွတ်တွေကို ထိုးဖောက် တိုက်စစ်ဆင်ဖို့ နဲ့ အခွင့်အရေး ၁၅ ကြိမ်လောက် ရဖို့ ဆိုတာ မလွယ်လှပါဘူး ၊ ကျွန်တော်တို့ ၁၃ ကြိမ်လောက် ကန်ခွင့် ရခဲ့ပေမယ့် ဂိုးပေါက်တည့်တာ ၂ ကြိမ်လောက်ပဲ ရှိခဲ့ပါတယ် ။ ”

“ကျွန်တော်တို့ တည်ငြိမ်တဲ့ စွမ်းဆောင်ရည် ပြသပြီး အနိုင်ရအောင် ကစားချင်ပါတယ် ၊ ဒါအမှန်တရားပါပဲ ။ ကျွန်တော်တို့ ထောင့်ကန်ဘောတွေကို ကောင်းကောင်း ကိုင်တွယ် နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းမှာ ထောင့်ကန်ဘော က ပေးရတာ နှစ်ဂိုး တိတိ ရှိပါပြီ ။ဒါက တစ်ဦးချင်း ပြဿနာ မဟုတ်ပါဘူး ၊ အသင်းလိုက် ပြဿနာပါ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular