အေစီမီလန်အသင်း၏ တိုက်စစ်မှူး ဂျရူးက လက်ရှိအသင်းသို့ မိမိရောက်ရှိခဲ့ခြင်းမှာ ဘုရားသခင်အလိုရှိခဲ့သောကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
အင်တာမီလန်နှင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ယှဉ်ပြိုင်ကစားရမည့်အချိန်တွင် ဂျရူးက “၂၀၂၀ ဆောင်းရာသီအပြောင်းအရွှေ့မှာ အင်တာမီလန်ကို ရောက်ရှိနိုင်တဲ့အခြေအနေရှိခဲ့ပါတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ အလိုဆန္ဒကြောင့် အေစီမီလန်ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ကျွန်တော် အလွန်ပျော်ပါတယ်။ ပထမရာသီမှာ (၁၀)နှစ်ကြာဝေးကွာနေတဲ့ စီးရီးအေချန်ပီယံဆုရရှိခဲ့ပြီး ဒုတိယရာသီမှာ (၁၆)နှစ်ကြာဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဆီမီး ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ မယုံနိုင်စရာတွေပါပဲ”ဟု ပြောကြားခဲ့သည်။
ဂျရူးသည် လက်ရှိရာသီတွင် အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ၄၁ ပွဲ ကစားပြီး ၁၃ ဂိုးသွင်းယူပေးထားသည်။