spot_img

အေစီမီလန်အသင်းနှင့် ဂျာမနီအားကစားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Puma စပွန်ဆာစာချုပ်သက်တမ်းတိုးခဲ့ပြီး စာချုပ်သစ်အရ တစ်နှစ်ယူရိုသန်း (၃၀) ရရှိမည်

အေစီမီလန်အသင်းသည် ဂျာမနီအားကစားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Pumaနှင့် စပွန်ဆာစာချုပ်သက် တမ်းတိုးရန် သဘောတူညီမှုရရှိခဲ့ပြီး စာချုပ်သစ်တန်ဖိုးမှာ တစ်နှစ်ယူရိုသန်း (၃၀)ရှိကြောင်း Calcio Finanza က ဖော်ပြခဲ့သည်။

အေစီမီလန်အသင်းသည် Adidas နှင့် လမ်းခွဲပြီးနောက် Puma နှင့် ၂၀၁၈ ခုနှစ်မှစတင်၍ စပွန်ဆာစာ ချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး မူလက စပွန်ဆာကြေးတစ်နှစ် ယူရို (၁၀.၉)သန်းသာတန်ဖိုးရှိခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီမှစတင်ကာ စပွန်ဆာကြေးတစ်နှစ်ယူရို (၁၃ .၁)သန်းအထိ မြင့်တက်လာခဲ့သည်။

myan789

Puma နှင့်စပွန် ဆာစာချုပ်သစ်ချုပ်ဆိုနိုင်ခြင်းမှာ အေစီမီလန်အသင်း၏ ဘဏ္ဍာရေးဟန်ချက်ကို ကြီးမားသည့်အထောက်အပံ့ဖြစ်စေပြီး အပြောင်းအရွှေ့အသုံးစရိတ်ပိုမိုရရှိဖွယ်ရှိကြောင်း Calcio Finanza က ဖော်ပြခဲ့သည်။ လာမည့် ၂၀၂၂-၂၃ ရာသီအတွက် အေစီမီလန်အသင်း၏ တရားဝင်ဝတ်စုံ အသစ်မိတ်ဆက်ပွဲအခမ်းအနားကို ယခုလ ပထမရက်သတ္တပတ်အတွင်း ပြုလုပ်သွားဖွယ်ရှိကြောင်းလည်း သိရသည်။

အေစီမီလန်အသင်းနှင့် Puma တို့ကြား စပွန်ဆာစာချုပ်သက်တမ်းမှာ လာမည့် ၂၀၂၃ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ယခုအခါနောက်ထပ်နှစ်ရှည်စာချုပ် ချုပ်ဆိုသွားဖွယ်ရှိနေသည်။ အေစီမီလန်အသင်းလူငယ်လေ့ကျင့်ရေးကွင်း Vismara အားကစားစင်တာအမည်မူပိုင်ခွင့်ကိုလည်း Puma ထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

Puma နှင့် စပွန်ဆာစာချုပ်သက်တမ်းတိုးနိုင်သဖြင့် အေစီမီလန်အသင်းတာဝန်ရှိသူများ ဝမ်းမြောက်နေချိန်တွင် အသင်းအားရောင်းချမည့်ကိစ္စတွင် ပြဿနာတစ် ခုဖြစ်ပေါ်လျက်ရှိသည်။ အေစီမီလန်အသင်းကို Elliott ရင်နှီးမြှုပ်နှံမှုကုမ္ပဏီထံမှRedBirdဝယ်ယူမည့်အစီအစဉ် ကန့်ကွက်ခံရခြင်းဖြစ်သည်။

အေစီမီလန်အသင်း၏ ရှယ်ယာအနည်းငယ်ကို ပိုင်ဆိုင်ထားသည့် Blue Skye အဖွဲ့ အစည်းက Elliott အား အသင်းရောင်းချမည့်အစီအစဉ်နှင့်ပတ်သက်၍ တရားစွဲဆိုရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ Elliott သည် အသင်းရောင်းချ မည့်အစီအစဉ် ကို စက်တင်ဘာလ၌ အပြီးသတ်ရန်မျှော်လင့်နေသည်။

ဘောလုံးလောကမှ တန်ဖိုးအမြင့်မားဆုံးအားကစားဝတ်စုံစပွန်ဆာများ

အမည်    တစ်နှစ်တန်ဖိုး

Nike (ဘာစီလိုနာ) ယူရို (၁၁၅)သန်း

(Nike သည် ဘာစီလိုနာအသင်းနှင့် လာမည့် ၂၀၂၈ ခုနှစ်အထိ စပွန်ဆာစာချုပ်ချုပ်ဆိုထားသည်)

Adidas (မန်ယူ) ယူရို (၈၆.၈၉)သန်း

(Adidas နှင့် ၂၀၁၄-၁၅ ရာသီကုန်ဆုံးချိန်တွင် လမ်းခွဲပြီး နောက် မန်ယူအသင်းက Adidas နှင့် ၁၀ နှစ်စပွန်ဆာ စာချုပ်ချုပ်ဆိုထားခြင်းဖြစ်သည်)

Nike (ချယ်လ်ဆီး) ယူရို (၆၉.၅) သန်း

(ချယ်လ်ဆီးအသင်းသည် Nike နှင့် ၁၅ နှစ်ကြာစပွန် ဆာစာချုပ်ချုပ်ဆိုထားပြီး လာမည့် ၂၀၃၁-၃၂ ရာသီ တွင် ကုန်ဆုံးမည်ဖြစ်သည်)

Adidas (ဘိုင်ယန်မြူးနစ်) ယူရို (၄၉.၂) သန်း

(ဘိုင်ယန်မြူူးနစ်သည် Adidas နှင့် လာမည့် ၂၀၃၀ ခုနှစ်အထိ စပွန်ဆာစာချုပ်ချုပ်ဆိုထားသည်)

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular