မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူများသည် အေစီမီလန်အသင်းမှ အီတလီ လက်ရွေးစင်ဂိုးသမား ဒွန်နာရမ်မာ (၂၂ နှစ်)အား အလွတ်ခေါ်ယူနိုင်ရန် ပစ်မှတ်ထားနေကြောင်း အီတလီသတင်းစာများက ဖော်ပြခဲ့ကြသည်။
ဒွန် နာရမ်မာသည် လက်ရှိအချိန်အထိ အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုမရရှိသေး၍ သူ၏စာချုပ်သက်တမ်းကုန်ဆုံးချိန်၌ ခေါ်ယူနိုင်ရန် မန်ချက်စတာယူနိုက်တက်အသင်းက ပစ်မှတ်ထားနေခြင်း ဖြစ်သည်။
မန်ချက်စတာယူနိုက်တက် အသင်းသည် အသင်းရှိ ဂိုးသမား(၂)ဦးဖြစ်သော ဒီဟေးယားနှင့် ဟန်ဒါဆန်တို့အနက်မှ တစ်ဦးဦးကို ရောင်းချဖွယ်ရှိနေသည်။