spot_img

အီတလီအသင်းမှာ ထိပ်တန်းအသင်းကြီးတစ်သင်းအဖြစ် ရှိနေဆဲဟု မန်စီနီဆို

အီတလီလက်ရွေးစင်အသင်းနည်းပြ မန်စီနီက အီတလီအသင်းအနေဖြင့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ (ဥရောပဇုန်)တွင် တိုက်ရိုက်ခြေစစ်ပွဲမအောင်မြင်ခဲ့သော်လည်း ထိပ်တန်းအသင်းကြီးတစ်သင်းအဖြစ်ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူရို-၂၀၂၀ ချန်ပီယံအီတလီအသင်းသည် နောက်ဆုံးကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ (၂)ပွဲဆက်တွင် ဆွစ်ဇာလန်နှင့် မြောက်အိုင်ယာလန်အသင်းတို့အား သရေကျခဲ့ပြီးနောက် အုပ်စုဒုတိယနေရာတွင်သာ ရပ်တည်နိုင်ခဲ့ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်ရန်အတွက် Play-off ပွဲစဉ်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

myan789

အီတလီအသင်းပါဝင်သော ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ (ဥရောပဇုန်) အုပ်စုအဆင့်တွင် ဆွစ်ဇာလန်အသင်းမှာ (၈)ပွဲကစားရာ၌ (၅)ပွဲနိုင်၊ (၃)ပွဲသရေ ရမှတ် (၁၈)မှတ်ဖြင့် အုပ်စုပထမနေရာမှ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး အီတလီအသင်းမှာမူ (၈)ပွဲကစားပြီးချိန်၌ (၄)ပွဲနိုင်၊ (၄)ပွဲသရေ၊ ရမှတ် (၁၆)မှတ်ဖြင့် အုပ်စုဒုတိယနေရာသာ ရရှိခဲ့သည်။

မန်စီနီက ”ဒီရလဒ်အတွက် ကျွန်တော်စိတ်ပျက်မိပါတယ်။ ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်မယ့်အခွင့်အရေးက ကျွန်တော်တို့လက်ထဲမှာရှိခဲ့ပေမယ့် ဒါကိုကျွန်တော်တို့ အသုံးမချနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ ဆက်ပြီးတိုက်ပွဲဝင်ရပါဦးမယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်းဟာ ထိပ်တန်းအဆင့် အသင်းကြီးတစ်သင်းအဖြစ်ရှိနေဆဲဆိုတာတော့ ကျွန်တော်ယုံကြည်ပါတယ်။ လက်ရှိအချိန်ဟာ ခက်ခဲတဲ့အခိုက်အတန့်ပါ။ ခြေစစ်ပွဲအောင်မြင်ဖို့ အခွင့်အရေးကို ကျွန်တော်တို့ ဆုပ်ကိုင်ထားနိုင်ဆဲပါပဲ” ဟု မြောက်အိုင်ယာလန်နှင့် ပွဲပြီး သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

အီတလီအသင်းသည် နည်းပြမန်စီနီလက်ထဲတွင် ယူရို-၂၀၂၀ ချန်ပီယံဆုကို ရယူနိုင်ခဲ့သလို၊ ပြိုင်ပွဲစုံနိုင်ငံတကာပွဲ (၃၇)ပွဲဆက် ရှုံးပွဲမရှိကစားကာ ဘောလုံးသမိုင်းတွင် စံချိန်သစ်တင်နိုင်ခဲ့သည့် အသင်းဖြစ်သည်။ သို့သော်အီတလီအသင်းသည် နောက်ဆုံးကစားခဲ့သည့် ပြိုင်ပွဲစုံနိုင်ငံတကာပွဲ (၄)ပွဲတွင် UEFA Nations League ပြိုင်ပွဲ၌ စပိန်အသင်းအားရှုံးနိမ့်ခဲ့သလို၊ ယူရိုခြေစစ်ပွဲ (၂)ပွဲဆက်သရေကျခဲ့ခြင်းဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular