spot_img

အီတလီလောက် စပိန်အသင်း တောင့်တင်းသည်ဟု မထင်ကြောင်း မော်ရင်ဟို ပြောကြား

ရိုးမားအသင်း၏နည်းပြ မော်ရင်ဟိုက ယူရို-၂၀၂၀ ဆီမီးဖိုင်နယ်တွင် ဆုံတွေ့နေသည့် အီတလီနှင့် စပိန်အသင်းတို့ကို သုံးသပ်မှုပြုလုပ်ခဲ့ရာ စပိန်အသင်းသည် အီတလီလောက် တောင့်တင်းသည်ဟု မထင်ကြောင်း ပြောကြားခဲ့သည်။

မော်ရင်ဟိုသည် TalkSPORT နှင့် အီတလီ၏ ယူရို-၂၀၂၀ ပြိုင်ပွဲအကြောင်း သုံးသပ်ရာတွင် သူ၏အမြင်ကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

myan789

မော်ရင်ဟိုက ”အီတလီအသင်း ဗိုလ်လုပွဲရောက်ဖို့ ရာနှုန်းပြည့်သေချာတယ်လို့ ကျွန်တော် မပြောနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘောလုံးအားကစားအပေါ်ရော စပိန်အသင်းအပေါ်ပါ လေးစားမှုရှိလို့ပါ။ ဒါပေမဲ့ စပိန်အသင်းက အီတလီလောက် တောင့်တင်းတယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ အီတလီက ဒီပြိုင်ပွဲမှာမှ ကောင်းလာတာ မဟုတ်ပါဘူး။ ဒီပြိုင်ပွဲမတိုင်ခင်ကတည်းက ကောင်းနေတဲ့အသင်းပါ”ဟု ပြောကြားခဲ့သည်။

မော်ရင်ဟိုက အီတလီသည် အင်္ဂလန်နည်းတူ ကလပ်အသင်းများနှင့် လက်ရွေးစင်အသင်းအကြား ဆက်သွယ်မှုကောင်းမွန်သည်ဟုလည်း သုံးသပ်ခဲ့သည်။

ဘယ်လ်ဂျီယံနှင့်ပွဲတွင် ခြေဖနောင့်ကြောအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့သည့် အီတလီအသင်းမှ ရိုးမားနောက်ခံလူ စပင်နာဇိုလာအနေဖြင့် (၆)လခန့်အနားယူဖွယ်ရှိသည်ဟုလည်း မော်ရင်ဟိုက အတည်ပြုခဲ့သည်။

မော်ရင်ဟိုသည် အီတလီကလပ် ရိုးမားအသင်းနည်းပြအဖြစ် ဆောင်ရွက်ရန် ပြီးခဲ့သည့်သောကြာနေ့က အီတလီကို ရောက်ရှိလာပြီး အသင်းကို စတင်တာဝန်ယူလျက်ရှိသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular