အင်တာမီလန်အသင်းတိုက်စစ်မှူး လူကာကူသည် ပြီးခဲ့သည့် ဂျူဗင်တပ်စ်အသင်းနှင့် အီတလီဒါဘီပွဲစဉ်မှ အောင်ပွဲခံပုံနှင့်ပတ်သက်၍ ဖြေရှင်းခဲ့သည်။
ဂျူဗင်တပ်စ်အသင်းနှင့် ပွဲမတိုင်မီကစားသည့် ရိုးမားအသင်းကို အနိုင်ရသောပွဲ၌ လူကာကူသည် မီလန်မြို့လယ်ရှိ၊ ဟိုတယ်တစ်ခုတွင် အင်တာမီလန်အသင်းဖော်များနှင့်အတူ သူ၏မွေးနေ့ပါတီအား လျှို့ဝှက်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မွေးနေ့ပါတီသို့ အီတလီရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းများနှင့်အတူ မေးမြန်းစစ်ဆေးမှုများပြုလုပ်ခဲ့ရသည်။
လူကာကူ၏မွေးနေ့ပါတီသို့ ဟာကီမီ၊ အက်ရှ်လေယန်း၊ ပါရီဆစ်အစရှိသည့် အင်တာမီလန်ကစားသမားများအပြင် အသင်းဒါရိုက်တာအဖွဲ့ဝင်အချို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ဂျူဗင်တပ်စ်အသင်းနှင့်ပွဲတွင် အင်တာမီလန်အတွက် ဂိုးသွင်းယူပြီးနောက် လူကာကူက လက်နှစ်ဖက်ကို နောက်ပစ်၍ လက်ထိပ်ခတ်ဖမ်းဆီးခံရသည့်ပုံစံမျိုး အောင်ပွဲခံခဲ့သည်။
လူကာကူအောင်ပွဲခံခဲ့ချိန်တွင် အနီး၌ မွေးနေ့ပွဲတက်ရောက်ခဲ့သည့် အသင်းဖော် ဟာကီမီလည်းရှိနေခဲ့ကြောင်း သိရသည်။
အင်တာမီလန်အသင်းကမူ လူကာကူသည် မွေးနေ့ပွဲပြုလုပ်ခြင်းမဟုတ်ဘဲ အသင်းဖော်များနှင့်အတူ ညစာစားခဲ့ခြင်းသာဖြစ်ကြောင်း ကြေညာခဲ့ပြီး အရေးယူသွား မည်မဟုတ်ကြောင်း သိရသည်။
လူကာကူသည် လက်ရှိရာသီတွင် အင်တာမီလန်အတွက် စီးရီးအေ (၃၅)ပွဲကစားကာ (၃၂)ဂိုးသွင်းထားသည်။