spot_img

အီတလီစီးရီးအေပွဲစဉ် (၃၈)ပွဲကြိုသုံးသပ်ချက်

အင်တာမီလန် – အူဒီးနီးစ် (တနင်္ဂနွေည ရး၃၀ နာရီ)
ချန်ပီယံအောင်ပွဲခံအခမ်းအနားမှာ နိုင်ပွဲနဲ့အတူ ပိုပြီး ပျော်ရွှင်ခွင့်ရအောင် အင်တာမီလန် ရည်ရွယ်ထားပါလိမ့်မယ်။ အူဒီးနီးစ်က ပွဲစဉ် (၃၀)မတိုင်မီလောက်က စတင်မတည်ငြိမ်မှု တွေ ဖြစ်ပေါ် ပြီး ရလဒ်ဆိုးနေပါတယ်။ တိုက်စစ်ကစားပုံကောင်း မွန်တဲ့အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ခံစစ်ကလည်း ဂိုးတွေခပ် လွယ်လွယ်ပေးရလေ့ရှိတယ်။ အင်တာမီလန် အနိုင်သေချာပြီး (၂) ဂိုးပြတ်ပါလိမ့်မယ်။

တိုရီနို – ဘင်နီဗန်တို (တနင်္လာနံနက် ၁း၁၅ နာရီ)
တန်းဆင်းရမယ့်အခြေအနေဆိုးကနေ သီသီလေးလွတ် မြောက်ခဲ့တဲ့ တိုရီနို သိက္ခာဆယ်နိုင်ပွဲ ယူချင်နေပါလိမ့်မယ်။ ဘင်နီဗန်တိုထက် ကစားပုံကောင်းမွန်ပြီး စုဖွဲ့မှုလည်း ပိုကောင်း တဲ့ တိုရီနို (၂)ဂိုးပြတ်နိုင်ပါလိမ့်မယ်။

myan789

ဘိုလော့ဂ်နာ – ဂျူဗင်တပ်စ် (တနင်္လာနံနက် ၁း၁၅ နာရီ)
ဂျူဗင်တပ်စ်အတွက် ဘိုလော့ဂ်နာဟာ အစဉ်အလာအရ သိပ်ပြီးခက်ခဲတဲ့ပြိုင်ဘက် မျိုးမဟုတ်ဘူး။ ဒါပေမဲ့ လက်ရှိရာသီဟာ ဂျူဗင်တပ်စ်အတွက် မျှော်လင့်မထားတဲ့ ခက်ခဲ မှုတွေ ရင်ဆိုင်နေရပြီး ချန်ပီယံလိဂ်ဝင်ခွင့် မရေရာတဲ့ဘဝမျိုး ဖြစ်နေပါပြီ။ ဒီပွဲကို ဂျူဗင် တပ်စ် မဖြစ်မနေအနိုင်ကစားထားရမှာဖြစ်ပြီး အေစီမီလန်နဲ့ နာပိုလီ (၂)သင်းထဲက တစ် သင်း နိုင်ပွဲပျောက်ဆုံးရင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိပါမယ်။ ဘိုလော့ဂ်နာ ကပ်ရှုံးလိမ့်မယ်။

ဆာဆူအိုလို – လာဇီယို (တနင်္လာနံနက် ၁း၁၅ နာရီ)
ဆာဆူအိုလိုရဲ့ခြေစွမ်းက အတက်ဘက်ရောက်နေပြီး နောက်ဆုံး (၆)ပွဲမှာ ဂျူဗင်တပ်စ်တစ်သင်းတည်းကိုပဲ အရေးနိမ့် ထားတယ်။ အေစီမီလန်ကို အဝေးကွင်းမှာ နိုင်ထားပြီး အတ္တ လန်တာကို အိမ်ကွင်းမှာ သရေကစားခဲ့တဲ့ခြေစွမ်းအရဆိုရင် လာဇီယိုကိုလည်း ဒုက္ခပေးပါလိမ့်မယ်။ လာဇီယိုက တိုက်စစ် ဂိုးသွင်းနှုန်း ပြန်ကျနေပြီး ခံစစ်ကလည်း ဆာဆူအိုလိုရဲ့ ဖိအား ပေးမှုကို ခံနိုင်မယ်မထင်ဘူး။ ဆာဆူအိုလို အမှတ်ရမယ်။

အတ္တလန်တာ – အေစီမီလန် (တနင်္လာနံနက် ၁း၁၅ နာရီ)
တူရင်မြို့ခံအသင်း (၂)သင်းဖြစ်တဲ့ ဂျူဗင်တပ်စ်နဲ့ တိုရီနိုကို ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် အား ကောင်းလာတဲ့ အေစီမီလန်က နောက်ဆုံးပွဲမှာ ကာဂလီယာရီနဲ့ သရေကျလို့ ကံဆိုးသွားရတယ်။ အေစီမီလန်အတွက် အီဘရာ ဟီမိုဗစ်ထက် ပိုပြီးနုပျိုမယ့် တိုက်စစ်မှူးတစ်ဦး လိုအပ်နေတယ်ဆိုတာ အရေးပေါ်ကာလတွေမှာ ပိုပြီးသိသာပါတယ်။ နည်းပြ ပီအိုလီက အထောင်တိုက်စစ်မှူးနေရာအတွက် အမြဲလိုလိုခေါင်းစားနေရပြီး ရယ်ဘစ်နဲ့ လီယာအိုက အဲဒီနေရာအတွက် အား နည်းချက်တွေရှိနေတယ်။ အတ္တလန်တာက ချန်ပီယံလိဂ်ဝင်ခွင့်ရပြီးသားဆိုပေမဲ့ အိမ်ကွင်းမှာ ပိုပြီးထက်မြက်လေ့ရှိတယ်။ အိမ်ကွင်းနောက်ဆုံး (၆)ပွဲမှာ တစ်ပွဲပျမ်းမျှ (၃)ဂိုးအထိ သွင်းယူထားနိုင်လို့ ဂိုးတွေမပေးရအောင် ဒွန်နာရမ်မာ ကယ်တင်နေရတဲ့ အေစီမီလန် ခက်ခဲပါဦးမယ်။ အတ္တလန်တာနဲ့ ဂိုးအများဖြစ်လာနိုင်တယ်။

စပီဇီယာ – ရိုးမား (တနင်္လာနံနက် ၁း၁၅ နာရီ)
ဒီနှစ်သင်း နောက်ဆုံးကစားထားတဲ့ပွဲတွေမှာ သွင်းဂိုးတွေ များခဲ့ပြီး ဒီပွဲမှာလည်း ဦးစားပေးစဉ်းစားသင့်တာ နှစ်သင်းပေါင်း သွင်းဂိုးအများပါပဲ။ စပီဇီယာက အိမ်ကွင်းနောက်ဆုံး (၆)ပွဲမှာ နာပိုလီတစ်သင်းကိုပဲ အရေးနိမ့်ထားပြီး အင်တာမီလန်ကို သ ရေခံကစားထားတာတွေ့ရတယ်။ ရိုးမားက ဒီရာသီစီးရီးအေမှာ အဝေးကွင်းအားအနည်းဆုံးအသင်းတွေထဲပါဝင်နေလို့ စပီဇီ ယာနဲ့ သွင်းဂိုးအများဖြစ်လာနိုင်တယ်။

နာပိုလီ – ဗီရိုနာ (တနင်္လာနံနက် ၁း၁၅ နာရီ)
အေစီမီလန်အသင်း ပွဲကျပ်နေချိန်မှာ နာပိုလီအသင်း တစ်မှတ်လောက်ယူထားရင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိတ် ချရမယ့်အနေအထားမျိုးဆိုပေမဲ့ နိုင်ပွဲအတွက်ဦးတည်ပြီး ကစားပါလိမ့်မယ်။ ဗီရိုနာက နိုင်ပွဲပျောက်ဆုံးမှုဝေဒနာ ခံစားနေ ရတာကြာပါပြီ။ ဘာမျှော်လင့်ချက်၊ ဘာဖိအားမှမရှိတော့တဲ့ နောက် ဗီရိုနာရဲ့ ကစားပုံ လျော့ရဲသွားပြီး ရလဒ်တွေဆိုးနေတာ ပါပဲ။ နာပိုလီ ဂိုးပြတ်အနိုင်ရသင့်တဲ့ပွဲမျိုးပါပဲ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular