အေစီမီလန် – ဂျီနိုအာ (တနင်္ဂနွေညနေ ၅းဝ၀ နာရီ)
အေစီမီလန်အတွက် ချန်ပီယံဆုထက် ချန်ပီယံလိဂ်ဝင်ခွင့်ဟာ ပိုပြီးအရေးကြီးလာ ပါပြီ။ အမှားမခံတဲ့အချိန်မျိုးဖြစ်ပေမဲ့ အေစီီမီလန်ရဲ့ လက်ရှိကစားအားက သိပ်ပြီးယုံကြည် လို့မရဘူး။ ဂျီနိုအာက တန်းဆင်းဇုန်နဲ့ ဝေးသထက်ဝေးအောင် ရုန်းကန်နေပြီး တန်ပြန် တိုက်စစ်တွေနဲ့ အေစီမီလန်ကို ဒုက္ခပေးပါလိမ့်မယ်။ အီဘရာဟီမိုဗစ် ဂိုးရဖို့ခက်နေသေး ရင် အေစီမီလန် (၂)ဂိုးပြတ်နိုင်မယ်မထင်ဘူး။
လာဇီယို – ဘင်နီဗန်တို (တနင်္ဂနွေည ရး၃၀ နာရီ)
ပထမအကျော့မှာ ဘင်နီဗန်တိုက လာဇီယိုကို သရေ ကစားပြီး ဒုက္ခပေးနိုင်ခဲ့တယ်။ လက်ရှိဘင်နီဗန်တိုရဲ့ စွမ်းဆောင် ရည်က ပထမရာသီဝက်တုန်းကလောက် မကောင်းမွန်ပေမဲ့ ဂျူ ဗင်တပ်စ်ကို အဝေးကွင်းမှာ အနိုင်ယူထားတာ သတိထားရ မယ်။ လာဇီယိုကလည်း (၂)ဂိုးပြတ်နိုင်တဲ့ပွဲတွေ တဖြည်းဖြည်း နည်းပါးလာပြီး ကစားပုံစိတ်မချရသေးပါဘူး။ လာဇီယို အနိုင်ရ မှာဖြစ်ပေမဲ့ (၂)ဂိုးမပြတ်နိုင်ဘူး။
အတ္တလန်တာ – ဂျူဗင်တပ်စ် (တနင်္ဂနွေည ရး၃၀ နာရီ)
ဖိအားတွေလုံးဝမကင်းစင်သေးတဲ့ ဂျူဗင်တပ်စ်အသင်းအတွက် နောက်ထပ်အကျပ် အတည်းပါပဲ။ နှစ်သင်းစလုံး စီးရီးအေကိုပဲ အာရုံစိုက်ကစားနေရပေမဲ့ ဂျူဗင်တပ်စ်ထက် အတ္တလန်တာက ပိုပြီးတည်ငြိမ်ပါတယ်။ စီရော်နယ်လ်ဒိုဦးဆောင်တဲ့ ဂျူဗင်တပ်စ်တိုက်စစ် ထက် မူရီယဲလ်ဦးဆောင်တဲ့ အတ္တလန်တာတိုက်စစ်က ပိုပြီးထက်မြက်နေပါတယ်။ ဒီတော့ အတ္တလန်တာ
အမှတ်ရဦးမယ်ထင်တယ်။
ဘိုလော့ဂ်နာ – စပီဇီယာ (တနင်္ဂနွေည ရး၃၀ နာရီ)
ဘိုလော့ဂ်နာက တန်းဆင်းဇုန်ရဲ့ ခပ်လှမ်းလှမ်းမှာရှိနေပေ မဲ့ သိပ်ပြီးစိတ်မချရသေးဘူး။ အင်တာမီလန်၊ ရိုးမား၊ နာပိုလီတို့ နဲ့ ပွဲကျပ်ကစားရပြီးနောက် ရလဒ်တွေ ယိမ်းယိုင်သွားတာတွေ့ ရတယ်။ အခုရင်ဆိုင်ရမယ့် စပီဇီယာကလည်း တန်းဆင်းဇုန် လွတ်မြောက်ရေးမျှော်လင့်ချက်အတွက် ရုန်းကန်နေလို့ ဘို လော့ဂ်နာ ပေါ့ဆလို့မရဘူး။ နှစ်သင်းပေါင်းသွင်းဂိုး (၃)ဂိုးရှိနိုင် ပြီး ဘိုလော့ဂ်နာ အမှတ်ရပါလိ်မ့်မယ်။
တိုရီနို – ရိုးမား (တနင်္ဂနွေည ၁ဝး၃၀ နာရီ)
တန်းဆင်းဇုန်ကနေ လွတ်မြောက်အောင် တိုရီနို သတိ ထားကစားနေပါတယ်။ တိုက်စစ်က အိမ်ကွင်းမှာ ဂိုးသွင်းနှုန်း ပြန်လည်မြင့်တက်လာတာလည်း တွေ့ရတယ်။ ရိုးမားက စီးရီး အေနဲ့ ယူရိုပါလိဂ်ပွဲဆက်တွေကြားမှာ အာရုံများပြီး ရလဒ်တွေ မတည်ငြိမ်ပါဘူး။ စုဖွဲ့မှုအရ ရိုးမားက တိုရီနိုထက်သာပေမဲ့ တိုက်ပွဲဝင်စိတ်ဓာတ်မှာ တိုရီနို ပိုပြီးအားကောင်းနေပါတယ်။ တိုရီနို အမှတ်ရမယ်ထင်တယ်။
နာပိုလီ – အင်တာမီလန် (တနင်္လာနံနက် ၁း၁၅ နာရီ)
လက်ရှိရာသီစီးရီးအေရဲ့ တိုက်စစ်အကောင်းဆုံး (၂)သင်းဆုံတွေ့မယ့်ပွဲက သွင်းဂိုးတွေနဲ့ ဖျော်ဖြေမှုပေးမလား ရင်ခုန် စွာစောင့်ကြည့်ရမယ်။ အင်တာမီလန်က ချန်ပီယံဆုနဲ့ ပိုပြီးနီးစပ်အောင် ရုန်းကန်နေသလို၊ နာပိုလီကလည်း ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အမှားမခံတဲ့အခြေအနေပါပဲ။ အင်တာမီလန်ထက် နာပိုလီက ပြီးခဲ့တဲ့ပွဲတွေမှာ ပွဲကျပ်ပေမဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ပြင်း ထန်တာမြင်ခဲ့ရတယ်။ စိတ်မချရတဲ့ နာပိုလီခံစစ်ကို လူကာကူ၊ လော်တာရိုမာတီနက်ဇ်တို့ရဲ့ တိုးအားတွေ၊ အားကောင်းတဲ့ဖြတ် တင်ဘောတွေနဲ့ အင်တာမီလန် ခြိမ်းခြောက်နိုင်ပေမဲ့ နာပိုလီ မရှုံးအောင် ကစားပါလိမ့်မယ်။