spot_img

အီတလီစီးရီးအေပွဲစဉ် (၃၁) ပွဲကြိုသုံးသပ်ချက်

ခရိုတိုနီ – အူဒီးနီးစ် (စနေည ရး၃၀ နာရီ)
ခရိုတိုနီက တန်းဆင်းဇုန်ကလွတ်မြောက်အောင် ရုန်းနေ ပေမဲ့ သိပ်ပြီးမထူးခြားနိုင်တော့ဘူး။ အူဒီးနီးစ်က စိတ်မချရသေး လို့ ဒီလိုပွဲမျိုးမှာ အမှတ်ရအောင် ယူပါလိမ့်မယ်။ အူဒီးနီးစ် နိုင်ပါ လိမ့်မယ်။

ဆမ်ဒိုးရီးယား – ဗီရိုနာ (စနေည ရး၃၀ နာရီ)
နှစ်သင်းစလုံး အရေးပေါ်အမှတ်မလိုအပ်ပေမဲ့ နောက်ပိုင်း ပွဲတွေမှာ ရလဒ်တွေကောင်းအောင် ရုန်းကန်ခဲ့တာတွေ့ရတယ်။ ဆမ်ဒိုးရီးယားက တိုက်စစ်မှာ လူပြန်စုံလာပြီး ခံစစ်မာကျောတဲ့ ဗီရိုနာအတွက် စမ်းသပ်ခန်းဖြစ်လာပါလိမ့်မယ်။ သရေကျဖို့များ ပါတယ်။

myan789

ဆာဆူအိုလို – ဖီအိုရင်တီးနား (စနေည ၁ဝး၃၀ နာရီ)
အိမ်ကွင်းမှာ ဆာဆူအိုလို အမှတ်ရအောင် ပိုပြီးအာရုံ စိုက်တတ်ပါတယ်။ ဘယ်ရာဒီ၊ ကာပူတိုုတို့ရဲ့ တိုက်စစ်ကလည်း ဂိုးတွေပိုရတတ်ပါတယ်။ ဖီအိုရင်တီးနားက အဝေးကွင်းမှာ ရ လဒ်တွေပြန်လည်ဦးမော့လာပေမဲ့ တကယ်တမ်းအသင်းလိုက် ကစားပုံချင်းယှဉ်ရင် ဆာဆူအိုလိုလောက် မတည်ငြိမ်ပါဘူး။ ပြီး တော့ ဂိုးရဖို့အတွက် ဗလာဟိုဗစ်ကိုပဲ အားကိုးနေရလို့ ဆာဆူ အိုလို အနိုင်ကစားပါလိမ့်မ်ယ်။

ကာဂလီယာရီ – ပါးမား (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)
တန်းဆင်းဇုန်ထဲကရုန်းထွက်ဖို့ ကြိုးစားနေတဲ့အသင်း နှစ်သင်းရဲ့ အမှတ်လုပွဲပါပဲ။ နှစ်သင်းစလုံးမှာ စီးရီးအေအတွေ့ အကြုံရင့် ကစားသမားကောင်းတွေရှိနေပေမဲ့ အခုလိုအခြေ အနေမျိုးဖြစ်သွားတာ သိပ်ပြီးအံ့အားသင့်စရာကောင်းတယ်။ ပါးမားက လက်ရှိရာသီစီးရီးအေရဲ့ ခံစစ် ဒုတိယအဆိုးရွားဆုံး အသင်းအဖြစ် ရပ်တည်နေလို့ တိုက်စစ်ကစားသမားကောင်း တွေရှိတဲ့ ကာဂလီယာရီ အခွင့်အရေးယူနိုင်မယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular