ဆာဆူအိုလို – လာဇီယို (တနင်္ဂနွေ ညနေ ၆း၀၀ နာရီ)
ဆာဆူအိုလိုက ရလဒ်တွေ တောက်လျှောက်ဆိုးနေပြီး တန်းဆင်းဇုန်နားရောက်နေတယ်။ လာဇီယိုကိုလည်း နောက် ဆုံး (၃)ပွဲဆက် နိုင်ပွဲပျောက်နေပြီး ဂိုးတွေတောက်လျှောက်ပေး နေရတဲ့ ခံစစ်က စိတ်ပျက်စရာပါပဲ။ သရေကျဖို့များပြီး နှစ်သင်း ပေါင်းသွင်းဂိုးများနိုင်တယ်။
အူဒီးနီးစ် – ဘိုလော့ဂ်နာ (တနင်္ဂနွေည ၈း၃၀ နာရီ)
အူဒီးနီးစ်က စီးရီးအေ (၉)ပွဲဆက် နိုင်ပွဲပျောက်နေပြီး အခု ချိန်အထိ ရာသီစကလို ပုံစံကောင်းမပြနိုင်သေးဘူး။ ဘိုလော့ဂ် နာကလည်း အဝေးကွင်းအားပျော့ပြီး အဝေးကွင်း (၈)ပွဲကစား ပြီးချိန်မှာ (၆)ပွဲအထိ ရှုံးထားတယ်။ အူဒီးနီးစ်အိမ်ကွင်းမှာ နိုင်ပွဲ ပြန်ရဖို့များတယ်။
တိုရီနို – စပီဇီယာ (တနင်္ဂနွေည ၈း၃၀ နာရီ)
ရပ်တည်မှုခြင်းကွာပေမဲ့ လက်ရှိခြေစွမ်းကွာဟချက် သိပ် မရှိတဲ့ နှစ်သင်းတွေ့ဆုံတဲ့ ပွဲဖြစ်တယ်။ တိုရီနိုက အိမ်ကွင်းအား သာချက်ရှိပေမဲ့ တန်းဆင်းဇုန်ဖိအားရှိတဲ့ စပီဇီယာဘက်က ရပ် တည်သင့်ပါတယ်။
အတ္တလန်တာ – ဆလာနီတာနာ (တနင်္ဂနွေည ၁၁း၃၀ နာရီ)
အတ္တလန်တာက နောက်ဆုံးပွဲမှာ နိုင်ပွဲပြန်တွေ့ပြီး နိုင်ပွဲ ဆက်နိုင်ဖို့ ကြိုးစားမှာပါ။ ဆလာနီတာနာက အသင်းကြီးတွေနဲ့ တွေ့ရင် မထင်မှတ်တာတွေ လုပ်ပြခဲ့ဖူးပေမဲ့ လက်ရှိခြေစွမ်းနဲ့ တော့ မျှော်လင့်လို့ မရပါဘူး။ အိမ်ရှင် အနိုင်သေချာပါတယ်။
ရိုးမား – ဖီအိုရင်တီးနား (တနင်္လာနံနက် ၂း၁၅ နာရီ)
ရိုးမားက နောက်ပိုင်းပွဲတွေမှာ အမှတ်လေလွင့်မှုတွေများ နေတယ်။ ဒါပေမဲ့ အေစီမီလန်နဲ့ ကစားခဲ့တဲ့ နောက်ဆုံးပွဲမှာတော့ ရိုးမားရဲ့ စိတ်ဓာတ်နဲ့ ယုံကြည်မှုကို မဖြစ်မနေချီးကျူးရမယ်။ ဒီ ဘားလား၊ အေဘရာဟမ်တို့ရဲ့ တိုက်စစ်က အခုပွဲမှာ အလုပ်ဖြစ် ဖို့ များပါတယ်။ ဖီအိုရင်တီးနားကလည်း အသင်းကောင်းတစ် သင်းပါ။ ဒါပေမဲ့ ရိုးမားကွင်းမှာဆို ရုန်းကန်ရလေ့ရှိပြီး ရိုးမားနဲ့တွေ့ ဆုံတဲ့ စီးရီးအေနောက်ဆုံး (၃)ပွဲဆက်လည်း ရှုံးနိမ့်ခဲ့တယ်။ ရိုး မားအိမ်ကွင်းမှာ နိုင်ပွဲပြန်ရှာတွေ့ဖို့များတယ်။ ဂိုးတော့ နည်းနိုင် ပါတယ်။