spot_img

အီတလီကို အနိုင်ကစားပြီး သမိုင်းသစ်ဖန်တီးရန် အင်္ဂလန်နည်းပြ ဆောက်ဂိတ် တိုက်တွန်း

အင်္ဂလန်နည်းပြ ဆောက်ဂိတ်က အီတလီအသင်းနှင့်ကစားရမည့် ယူရို-၂၀၂၀ ဗိုလ်လုပွဲမှာ အနိုင်ကစားရမည့်ပွဲဖြစ်ပြီး သမိုင်းသစ်ကို ဖန်တီးကြရန် အသင်းသားများကို တိုက်တွန်းခဲ့သည်။

အင်္ဂလန်အသင်းသည် ဆီမီးဖိုင်နယ်တွင် ဒိန်းမတ်ကို အနိုင်ရပြီးနောက် အသင်းသမိုင်းတစ်လျှောက် ယူရိုဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့သည်။

myan789

ဆောက်ဂိတ်က ”ဗိုလ်လုပွဲက အနိုင်ကစားရမှာပါ။ ကျွန်တော်တို့အနေနဲ့ ဗိုလ်လုပွဲအတွက် ပြင်ဆင်ရပါမယ်။ အီတလီက အရမ်းကောင်းတဲ့အသင်းဖြစ်ပြီး ခံစစ်အရမ်းမာကျောပါတယ်။ ဒီပွဲက ပွဲကောင်းတစ်ပွဲဖြစ်လာမှာဖြစ်ပြီး နိုင်ငံအတွက် သမိုင်းသစ်ဖန်တီးဖို့ ကြိုးစားရမှာပါ”ဟု ပြောကြားခဲ့သည်။

အင်္ဂလန်အသင်းသည် နှစ်ပေါင်း(၅၅)နှစ်ကြာမှ ဝင်ဘလေကွင်းတွင် မေဂျာပြိုင်ပွဲဗိုလ်လုပွဲကို ပြန်လည်ကစားရခြင်းဖြစ်ကြောင်း သိရသည်။

အင်္ဂလန်အသင်းအနေဖြင့် ယခင်ယူရိုပြိုင်ပွဲများတွင် အမြင့်ဆုံးအောင်မြင်မှုအဖြစ် ၁၉၆၈ ပြိုင်ပွဲတွင် တတိယနှင့် ၁၉၉၆ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်ရောက်ရှိခြင်းသာ ရှိခဲ့သည်။

ယူရို-၂၀၂၀ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်မည့် အီတလီ-အင်္ဂလန်ပွဲကို ဇူလိုင်(၁၁)ရက်တွင် ဝင်ဘလေကွင်း၌ ကစားမည်ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular