spot_img

အီတလီ ဗိုလ်စွဲပါက ဂျော်ဂျင်ဟို Ballon d’Or ရသင့်သည်ဟုအင်ဆစ်ဂ်နီ ဆိုခဲ့ပြီး အသင်းအောင်မြင်မှုကသာ ပိုအရေးကြီးဟု ဂျော်ဂျင်ဟို ပြောကြား

အီတလီလက်ရွေးစင်အသင်း၏ တောင်ပံတိုက်စစ်ကစားသမား အင်ဆစ်ဂ်နီက ယခုယူရိုပြိုင်ပွဲတွင် အီတလီအသင်းသာ ဗိုလ်စွဲပါက အီတလီအသင်း၏ ကွင်းလယ်လူ ဂျော်ဂျင်ဟိုသည် Ballon d’Or ဆုကို ရသင့်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။

ဂျော်ဂျင်ဟိုသည် ပြီးခဲ့သည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ချယ်လ်ဆီးအသင်း ဗိုလ်စွဲခဲ့ရာ၌ အဓိက ကစားသမားတစ်ဦးအဖြစ် ကစားခွင့်ရခဲ့သူဖြစ်ပြီး အီတလီအသင်းတွင်လည်း အမာခံကစားသမားအဖြစ် ကစားခွင့်ရနေသူဖြစ်သည်။

myan789

အင်ဆစ်ဂ်နီက ”ကျွန်တော်တို့အသင်းမှာ အရည်အသွေးမြင့် ကစားသမားအများကြီးရှိပါတယ်။ ဂျော်ဂျင်ဟိုကိုပဲ ကြည့်လေ။ သူက ချယ်လ်ဆီးအသင်းမှာ ပုံစံကောင်းတွေပြသနိုင်ခဲ့ပြီး၊ အီတလီအသင်းမှာ သူပါနေတဲ့အတွက် ကျွန်တော် ဂုဏ်ယူမိပါတယ်။ ကျွန်တော်က Ballon d’Or ဆုကို ဘယ်သူ့ကို ပေးဆိုပြီး ဆုံးဖြတ်နိုင်တဲ့သူမဟုတ်ပါဘူး။ ဒါပေမဲ့ ဆုရွေးချယ်တဲ့သူတွေအနေနဲ့ ဂျော်ဂျင်ဟိုကို စဉ်းစားသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက ဂရိတ်ကစားသမားတစ်ဦးဖြစ်ပြီး ကျွန်တော်က သူ့ကို ပရော်ဖက်ဆာလို့ ခေါ်ပါတယ်”ဟု ဆိုခဲ့သည်။

ဂျော်ဂျင်ဟိုကမူ ”ကြိုးစားမှုရဲ့ ရလဒ်က ဘာမဆိုဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ Ballon d’Or ဆုကို ကျွန်တော် မစဉ်းစားပါဘူး။ ကျွန်တော့် ဦးစားပေး ရည်မှန်းချက်က အီတလီအသင်းသားတွေ၊ ပရိသတ်တွေ၊ မိတ်ဆွေတွေနဲ့အတူ ယူရိုအပြီးမှာ အောင်ပွဲခံချင်တာပါပဲ”ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular