လီဗာပူးလ်တိုက်စစ်မှူး ဆာလာသည် အီဂျစ်လက်ရွေးစင်အသင်းတွင် အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရှိရသည်။
အသက် (၂၈) နှစ်အရွယ် ဆာလာအား အသင်းခေါင်းဆောင်အဖြစ်ခန့်အပ်ကြောင်း အီဂျစ်အသင်းနည်းပြ အဲလ်ဘာဒရီက အတည်ပြုကြေညာခဲ့ပြီး ၎င်းအနေဖြင့် အီဂျစ်အသင်းကို ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်စေရန် ဦးဆောင်ပေးရတော့မည်ဖြစ်သည်။
အီဂျစ်အသင်းတွင် ဆာလာထက် အသက်ကြီးသည့် ကစားသမားများရှိသော်လည်း ၎င်းကစားသမားများက ဆာလာကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်စေရန် လိုလိုလားလားသဘောတူခဲ့ကြကြောင်း သိရသည်။