ချဲလ်ဆီးအသင်းစတားဟောင်းအိုဘီမီခေးလ်ကအပြောင်းအရွှေ့နောက်ဆုံးရက်မှာချဲလ်ဆီးအသင်းအိုဆီမင်ကိုမခေါ်ယူနိုင်ခဲ့တဲ့အကြောင်းအရင်းကိုထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ချဲလ်ဆီးဟာအပြောင်းအရွှေ့နောက်ဆုံးရက်မှာအိုဆီမင်ကိုခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေမယ့် အဆင်မပြေခဲ့တာဖြစ်ပါတယ်။
သတင်းတွေအရအိုဆီမင်ရဲ့လုပ်ခလစာတောင်းဆိုမှုမြင့်မားခဲ့တာကချဲလ်ဆီးအနေနဲ့ ခေါ်ယူဖို့ မဖြစ်ခဲ့တဲ့အချက်လို့ ဖော်ပြနေကြပါတယ်။
ဒါပေမယ့် မီခေးလ်ကအဆိုပါအချက်တွေဟာမမှန်ကန်ကြောင်းရှင်းပြခဲ့ပါတယ်။ “အဲ့တာက လုံးဝမမမှန်ပါဘူး။ ဗစ်တာလိုချင်တာကို ကျွန်တော်သိပါတယ်။ အသင်းဘက်ကဘယ်လိုကမ်းလှမ်းလဲဆိုတာ ကျွန်တော်သိပါတယ်။
ကျွန်တော်တို့ သဘောတူညီမှုရခဲ့ပါတယ်။ စာရွက်စာတမ်း ၊ ဆေးစစ်မှု နဲ့ အခြားအကြောင်းအရာအနည်းငယ်အဆင်ပြေဖြစ်ခဲ့ပါတယ်။
အချိန်လည်းသိပ်မရခဲ့သလို နှေးကွေးမှုတွေရှိခဲ့တာကအပြောင်းအရွှေ့မဖြစ်လာခဲ့တာပါ။ ၂ ဦး ၂ ဖက်စလုံးကအပြောင်းအရွှေ့အတွက် လုပ်ဆောင်ခဲ့ကြပါတယ်။
အသင်းဘက်ကလည်းသူ့ကိုအလိုရှိခဲ့သလိုဗစ်တာဘက်ကနေကြည့်ရင်လည်းနောက်တစ်ကြိမ်ပြန်လည်လုပ်ဆောင်မယ်လို့ အဆင်ပြေနိုင်ပါတယ်။
ကျွန်တော်တို့ ဘယ်နေရာမှာလိုအပ်ခဲ့လဲဆိုတာသိပါတယ်။ လာမယ့်ဇန်နဝါရီ ဒါမှမဟုတ် လာမယ့်နွေမှာ ကျွန်တော်တို့ ပြန်လည်လုပ်ဆောင်မယ်ဆိုအသေးစိတ်အချက်အလက်အနည်းငယ်လောက်ပဲကျန်တော့မှာပါ။
အပြောင်းအရွှေ့ လုံးဝပြီးစီးနိုင်ပါတယ်။ အကုန်လုံးအဆင်ပြေနေပါပြီ”လို့ မီခေးလ်ကပြောကြားခဲ့ပါတယ်။
အိုဆီမင်ဟာာလက်ရှိမှာတော့ ဂါလာတာစာရေးအသင်းထံ ၁ ရာသီအငှားနဲ့သွားရောက်ခဲ့ပြီဖြစ်ကာလာမယ့်နွေရာသီမှာတော့ နာပိုလီကနေအပြီးသတ်ထွက်ခွာဖွယ်ရှိနေပါတယ်။
ချဲလ်ဆီးအနေနဲ့လည်းလာမယ့်နွေရာသီမှာတိုက်စစ်ပိုင်းအတွက် နိုင်ဂျီးရီးယားသားကိုခေါ်ယူဖွယ်ရှိနေပါတယ်။
လက်ရှိချဲလ်ဆီးတိုက်စစ်ကိုဂျက်ဆင်ကဦးဆောင်နေပြီးအရန်တွေအဖြစ် ပယ်လ်မာ ၊ ဖီးလစ် နဲ့ အန်ကူကူတို့ရှိနေပါတယ်။