spot_img

အားထားရတဲ့ ဂန်းနား နောက်ခံလူ တစ်လကျော်လောက် အနားယူရမယ်လို့ အာတီတာ အတည်ပြု

အာဆင်နယ် အသင်း နည်းပြ အာတီတာ က လူတန်တောင်း အသင်းကို ဒရမ်မာဆန်ဆန် အနိုင်ရခဲ့တဲ့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ နောက်ခံလူ တိုမီယာဆု ရဲ့ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး အတည်ပြု ပြောကြား လာခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်းမှာ အာဆင်နယ် အသင်း အတွက် ခြေစွမ်းပြ ကစားနေတဲ့ ဂျပန် လက်‌ရွေးစင် နောက်ခံလူ တိုမီယာဆု ဟာ ဝုလ်ဗာဟမ်တန် အသင်းနဲ့ ပွဲမှာ ခြေသလုံး ကြွက်သား ဒဏ်ရာ ရရှိ သွားခဲ့တာကြောင့် ဘန်ဝှိုက် နဲ့ လူစား လဲခဲ့ရပါတယ် ။ အစောပိုင်းမှာ အာတီတာ ဟာ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ တိုမီယာဆု ကို လူစားလဲ ခဲ့ရတာ ဖြစ်တယ်လို့ ပြောကြား ခဲ့ပေမယ့် စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ် အပြီးမှာတော့ ကာလ အနည်းငယ်ကြာ အနားယူရမယ်လို့ အဖြေထွက်လာခဲ့ပါတယ် ။

myan789

ဒီဇင်ဘာလ ပွဲကြပ် ကာလ ရောက်လာချိန်မှာ တိုမီယာဆု နားရမယ့် သတင်းဟာ အာဆင်နယ် အသင်းအတွက်တော့ သတင်းကောင်းတစ်ခုတော့ မဟုတ်ခဲ့ပါဘူး ။ အာဆင်နယ် နည်းပြ အာတီတာ က တိုမီယာဆု ရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး ” ကျနော်တို့ စမ်းသပ် စစ်ဆေး ပြီးပါပြီ ။ သတင်းကောင်းတော့ ဟုတ်မနေပါဘူး ။ သူ ကာလအနည်းငယ်ကြာ အသင်းအတွက် ကစားပေးနိုင်ဦးမှာ မဟုတ်ပါဘူး ။ ”

အာဆင်နယ် သတင်းနဲ့ ပတ်သက်ရင် စိတ်ချရတဲ့ team news and tricks ကတော့ တိုမီယာစု ရဲ့ ဒဏ်ရာ အခြေအနေ ဟာ အနည်းဆုံး လေးပတ် ကနေ ခြောက်ပတ် အထိ အနားယူရမယ့် ဒဏ်ရာမျိုး ဖြစ်တယ်လို့ ဆိုထားပါတယ် ။ တိုမီယာဆု ဟာ ၂၀၂၁-၂၂ တုန်းကလည်း ခုလို ခြေသလုံး ဒဏ်ရာ ရခဲ့ဖူးပြီး ရက်ပေါင်း ၆၀ ကြာ အနားယူ ခဲ့ရပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular