ဆော်ဒီကလပ် အယ်လ်အစ်တီဟတ် အသင်းသည် လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာအား ခေါ်ယူရန် ထပ်မံကြိုးပမ်း မည်ဖြစ်ကြောင်း သိရသည်။
အာရပ်ကမ္ဘာတွင် အကျော်ကြားဆုံးကစားသမား ဆာလာ (၃၁ နှစ်)အား အယ်လ်အစ်တီဟတ်အသင်းသည် ယခုနွေတွင် ခေါ်ယူရန်ကြိုးပမ်းခဲ့ပြီး ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၁၅ သန်းဖြင့် ကမ်းလှမ်းခဲ့သည်။
သို့သော် လီဗာပူးလ်အသင်းက လက်မခံခဲ့သဖြင့် အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ခြင်းမရှိဘဲ ဆော်ဒီပရိုလိဂ်နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာလည်း ပိတ်သွားပြီဖြစ်သဖြင့် အယ်လ်အစ်တီဟတ်အသင်း၏အစီအစဉ်မှာ မအောင်မမြင်ဖြစ်ခဲ့ရသည်။
သို့သော် အယ်လ်အီတီဟတ်အသင်းအနေဖြင့် ဆာလာအား ခေါ်ယူမည့် အစီအစဉ်ကို လက်လျှော့မည်မဟုတ်ဘဲ လာမည့်ဇန်နဝါရီ သို့မဟုတ် ၂၀၂၄ နွေ ရာသီတွင် ဆာလာအား ခေါ်ယူရန် ထပ်မံကြိုးပမ်းမည်ဖြစ်ကြောင်း သိရသည်။