spot_img

အာတီတာကို စာချုပ်သက်တမ်းတိုးရေးဆွေးနွေးမှု အာဆင်နယ်က ရပ်ဆိုင်းထား ပီအက်စ်ဂျီက စိတ်ဝင်စားနေ

အာဆင်နယ်သည် အာတီတာနှင့်စာချုပ်သက်တမ်းတိုးရေးဆွေးနွေးမှုကို ရပ်တန့်ထားသည်။ အာဆင်နယ်သည် ပရီးမီးယားလိဂ် ချန်ပီယံရရှိရေးအတွက် အရေးကြီးနေသော အချိန်တွင် အာရုံထွေပြားမှုမရှိစေရေးအတွက် ထိုသို့ ရပ်ဆိုင်းထားရခြင်းဖြစ်ကြောင်း ဆန်းသတင်းစာက ဖော်ပြသည်။

ပီအက်စ်ဂျီအသင်းသည် အာတီတာ၏ အခြေအနေကို စောင့်ကြည့်နေကြောင်း သတင်းထွက်နေသည်။ ပီအက်စ်ဂျီအသင်း၏ လက်ရှိနည်းပြချုပ် ဂေါ်လ်တီယာသည် အခြေအနေတည်ငြိမ်ခြင်းမရှိ ဖြစ်နေပြီး အာတီတာ၏ အာဆင်နယ်တွင် လုပ်ပြနေသည်များကို ပီအက်စ်ဂျီအကြီးအကဲ အယ်လ်ခီလိုင်ဖီက နှစ်ခြိုက်နေကြောင်း မီဒီယာများက ထုတ်ဖော်ရေးသားသည်။

myan789

အသက် ၄၁ နှစ်အရွယ်ရှိစပိန်လူမျိုး အာတီတာကို ဘာစီလိုနာနှင့် ပရီးမီးယားလိဂ်အသင်း မန်စီးတီးတို့ကလည်း စိတ်ဝင်စားသည်။ အာတီတာသည် ဘာဆာတွင်လူငယ်ကစားသမားဘဝက ကစားဖူးသလို မန်စီးတီးတွင်လည်း ဂွာဒီယိုလာ၏လက်ထောက်လုပ်ခဲ့ဖူးသည်။

အာတီတာသည် ပြီးခဲ့သည့်နှစ်က အာဆင်နယ်နှင့် စာချုပ်သက်တမ်းတိုးခဲ့ပြီးလက်ရှိတွင်တစ်နှစ်လုပ်ခ ပေါင် ၈.၃ သန်းဖြင့် အာဆင်နယ်နှင့် ၂၀၂၅ အထိစာချုပ်သက်တမ်းရှိသည်။ အာတီတာသည် အာဆင်နယ်အသင်းကို ၁၉ နှစ်အတွင်းပထမဆုံးအကြိမ် အမှတ်ပေးချန်ပီယံဖြစ်ရေး ကြိုးပမ်းနေသည်။ အာဆင်နယ်သည် မနေ့ညက ဝက်စ်ဟမ်းကို အဝေးကွင်းတွင် ၂ ဂိုးစီသရေကျခဲ့ပြီး မန်စီးတီးထက် တစ်ပွဲပိုကစား ၄ မှတ်အသာဖြင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular