ဖူလ်ဟမ် ကွင်းလယ်လူဟောင်း ဒန်နီမာဖီ က Five UK မှာ ” ကျနော် ပြီးခဲ့တဲ့ တနင်္ဂနွေတုန်းက ဒက်စ် နဲ့ တွေ့ ဖြစ်ခဲ့ပါတယ် ။ ကျနော်တို့ စကား ပြောဖြစ်တော့ သူက အာဆင်နယ် မှာ ကစားရတော့မှာကို စိတ်လှုပ်ရှားပြီး ဝမ်းသာ ပျော်ရွှင် နေတာပါ ၊ ဒက်စ် က သူ အာတီတာ နဲ့ စကားပြောဖြစ်ချိန်မှာ အာတီတာ ဟာ တကယ့်ကို မှော်ဆန်တဲ့လူ ဖြစ်ကြောင်း သိလိုက်ရတယ်လို့ ကျနော့်ကို ပြောပါတယ် ။ ” လို့ ဆိုသွားခဲ့ပါတယ် ။
အာဆင်နယ် အသင်း ရဲ့ လူငယ် ကြယ်ပွင့်လေး စမစ်ရို ဟာ မနေ့က ကစားသွားခဲ့တဲ့ ယူရို ယူ၂၁ ဆီမီးဖိုင်နယ် ပွဲမှာ အင်္ဂလန် ယူ၂၁ အတွက် ပွဲ ထွက် ကစားပြီး ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ် ။ စမစ်ရို ရဲ့ အင်္ဂလန် ယူ၂၁ အသင်းဟာ အစ္စရေးလ် ယူ၂၁ အသင်းကို ၃ ဂိုးပြတ် အနိုင်ရပြီး ယူရို ယူ၂၁ ပြိုင်ပွဲ ဗိုလ်လုပွဲ ကို တက်လှမ်း သွားခဲ့တာပါ ။ အင်္ဂလန် ယူ၂၁ အသင်းဟာ စပိန် ယူ၂၁ အသင်း နဲ့ ချန်ပီယံလုရမှာ ဖြစ်ပါတယ် ။
နယ်လ်ဆင် ဟာ အာဆင်နယ် အသင်း နဲ့ လေးနှစ် သက်တမ်းရှိ စာချုပ်သစ် ( နောက်ထပ် တစ်နှစ် ထပ်တိုးခွင့် ပါရှိ ) မှာ လက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်ပါတယ် ။ နယ်လ်ဆင် ဟာ အီတလီ နှင့် ပြင်သစ် ကလပ်တွေရဲ့ ကမ်းလှမ်းမှု ကို ငြင်းပယ်ပြီး အာဆင်နယ် မှာ ဆက်နေဖို့ ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ သူတို့ရဲ့ ဘယ်နောက်ခံလူ နူနိုတာဗာရက်စ် အတွက် အနည်းဆုံး ယူရို ၂၅ သန်း အထိ အလို ရှိနေပါတယ် ။ တာဗာရက်စ် ကို ခေါ်ယူဖို့ ဝက်စ်ဟမ်း နှင့် ဂါလာတာစာရေး တို့က စိတ်ဝင်စား နေကြပြီး ကစားသမား ကိုယ်တိုင်ကတော့ သူ ပုံမှန် ပွဲထွက်ခွင့် ရမယ့် အသင်းကိုပဲ ပြောင်းချင် နေပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီတစ်ပတ် အကုန်လောက်မှာ ရိုက်စ် နှင့် တင်ဘာ ၂ယောက်စလုံးရဲ့ အပြောင်းအရွှေ့ကို တရားဝင် ကြေညာသွားမယ်လို့ သိရပါတယ် ။ အာဆင်နယ် အသင်းဟာ ကစားသမား ၃ ဦး ခေါ်ယူ အပြီးမှာတော့ ကစားသမား အထွက်တွေကို လုပ်ဆောင် သွားမှာ ဖြစ်ပါတယ် ၊ ကစားသမား အချို့ကို ရှင်းထုတ်ပြီးမှသာလျှင် ဈေးကွက်ထဲ ပြန်လည် ဝင်ရောက်ပြီး ကစားသမား ၂ ဦးလောက် ထပ်ခေါ်သွားမှာ ဖြစ်ပါတယ် ။