spot_img

အာဆင်နယ်အသင်းနှင့်ပွဲတွင် ခြေစွမ်းပြခဲ့သည့် လူကာကူကို ဘောလုံးကျွမ်းကျင်သူများ ချီးကျူးစကားဆို

ဗြိတိန်ဘောလုံးအသိုင်းအဝိုင်းမှ နာမည်ကျော်ဘောလုံးသုံးသပ်သူများသည် အာဆင်နယ်အသင်းနှင့် ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းအတွက် ခြေစွမ်းပြကစားခဲ့ပြီး Man of the Match ကိုပါ ရရှိခဲ့သည့် ချယ်လ်ဆီးအသင်း၏ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် တိုက်စစ်မှူး လူကာကူ၏ ခြေစွမ်းအား ချီကျူးသုံးသပ်မှုများပြုလုပ်ခဲ့ကြသည်။

လူကာကူသည် ပရီးမီးယားလိဂ်တွင် နှစ်အတန်ကြာကျင်လည်ခဲ့ပြီးနောက် ပြီးခဲ့သည့် (၂)ရာသီက မန်ယူအသင်းထံမှ အင်တာမီလန်အသင်းထံသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်သည်။

myan789

ယခုအခါ ဘောလုံးသုံးသပ်သူများက လူကာကူသည် အင်တာမီလန်အသင်းတွင် ကွန်တီနှင့်လက်တွဲခဲ့ပြီးနောက် ခြေစွမ်းပိုင်း ပိုမိုတိုးတက်လာခဲ့ပြီး အင်္ဂလန်မှထွက်ခွာသွားစဉ်ကထက် ပိုမိုကောင်းမွန်သည့်ကစားသမား ဖြစ်လာခဲ့သည်ဟု ချီးကျူးခဲ့ကြခြင်းလည်း ဖြစ်သည်။

အာဆင်နယ်အသင်း၏ ဂန္ထဝင်နောက်ခံလူဟောင်း တစ်ဦးဖြစ်သည့် ဆိုးလ်ကမ်းဘဲလ်က ”သူက အီတလီဘောလုံးလောကမှာ အများကြီး လေ့လာသင်ယူခဲ့ပြီးပြီ။ ကွန်တီက သူ့ကို ပိုမိုမြန်ဆန်ကောင်းမွန်တဲ့ တိုက်စစ်မှူးဖြစ်လာအောင် လေ့ကျင့်ပေးလိုက်ပြီး သူကလည်း အပြည့်အဝ ရယူနိုင်ခဲ့တယ်။ သူက သီယာရီအွန်နရီနဲ့ အရမ်းနီးစပ်ခဲ့သလို၊ ဒရော့ဘာနဲ့လည်း နီးစပ်ခဲ့တယ်။ သူက ဒီလိုကစားသမားတွေဆီက သင်ယူချင်စိတ်ရှိသလို၊ ဆက်လက်ပြီးလည်း သင်ယူနေဆဲဖြစ်တယ်လို့ ကျွန်တော် ကြားရတယ်။ ဒီနေ့ သူကစားသွားတဲ့ပုံက ပြိုင်ဘက်နောက်ခံလူတွေအတွက်တော့ ယှဉ်ကစားလို့ မရလောက်အောင်ပဲ။ အရမ်းကောင်းလွန်းပါတယ်”ဟု Sky Sports ၏ တင်ဆက်မှုတွင် ပြောကြားခဲ့သည်။

နာမည်ကျော်နည်းပြဟောင်းတစ်ဦးဖြစ်သူ ဂရေမီဆောင်းနက်စ်ကလည်း ” ကျွန်တော့်အထင်တော့ သူက ပိုကောင်းတဲ့ ကစားသမားတစ်ဦးအဖြစ် အင်္ဂလန်ကို ပြန်လာခဲ့တယ်။ သူက အရမ်းထူးခြားတဲ့ကစားပုံနဲ့ အထောင်တိုက်စစ်မှူးမျိုးဖြစ်ပြီး တိုက်စစ်မှူးတစ်ဦးရဲ့အရည်အသွေးတွေ အကုန်ပြည့်စုံပါတယ်”ဟု ဆိုသည်။

လူကာကူသည် မန်ယူအသင်းတွင် ကစားခဲ့စဉ်ကတည်းက သူ၏ ကစားပုံနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ခံခဲ့ရသော်လည်း ဂိုးသွင်းမှတ်တမ်းကောင်းကို ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး ဘောလုံးအထိန်းအသိမ်းနှင့် ချိတ်ဆက်ကစားပုံအပိုင်းများသည် အဓိက ဝေဖန်ခံရသည့် ပြဿနာများဖြစ်ခဲ့သည်။

အာဆင်နယ်အသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်တွင်မူ သူ၏ ချိတ်ဆက်ကစားပုံအပိုင်းသည် အကောင်းဆုံးအနေအထားတွင်ရှိခဲ့ပြီး အသင်းနည်းပြ တူဟယ်လ်၏ ချီးကျူးခြင်းကိုလည်း ခံခဲ့ရသည်။

မန်ယူအသင်း၏ ဂန္ထဝင်ကစားသမားဟောင်းတစ်ဦးဖြစ်သည့် ရွိုင်ကင်းကမူ ” သူက ချယ်လ်ဆီးအတွက်တော့ တကယ့်ခေါ်ယူမှုကောင်းတစ်ခုပဲ။ သူဟာ အရင်ကတည်းက တိုက်စစ်မှူးကောင်းတစ်ဦးအဖြစ် ကျွန်တော်တို့ သိခဲ့ပြီးသားပါ။ ဒါပေမဲ့ ကျွန်တော် သူ့ရဲ့အင်တာဗျူးတချို့ကို နားထောင်ကြည့်တဲ့အခါ သူက ပိုပြီး ရင့်ကျက်လာတယ်။ ပိုပြီး အသင်းသားဆန်လာတာကို ခံစားရတယ်။ ဒီနေ့ကစားသွားတဲ့ ချိတ်ဆက်ကစားပုံကို ကြည့်ပါ။ ဒါဟာ မန်ယူအသင်းမှာတုန်းက သူ မလုပ်နိုင်ခဲ့လို့ ဝေဖန်ခံခဲ့ရတဲ့ အဓိကအချက်လည်းဖြစ်တယ်။ သူ အီတလီကို သွားခဲ့တယ်။ အမှတ်ပေးချန်ပီယံဆု ယူခဲ့တယ်။ ပြီးတော့ ပိုပြီး ပြည့်စုံကောင်းမွန်လာတယ်။ ချယ်လ်ဆီးကို ပြန်လာတာက သူ့အတွက်တင်မဟုတ်ဘဲ အသင်းအတွက်လည်း ကောင်းပါတယ်”ဟု သုံးသပ်ခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular