spot_img

အာဆင်နယ်အသင်း တန်းဆင်းရလျှင် ကစားသမားအများအပြား လစာငွေ ၂၅ ရာခိုင်နှုန်း ဖြတ်တောက်ခံရမည်ဟု Daily Mail ဖော်ပြ

ပရီးမီးယားလိဂ်ထိပ်သီးအသင်းတစ်သင်းဖြစ်သည့် အာဆင်နယ်အသင်းသည် ယခုရာသီတွင် မျှော်လင့်မထားသည့် ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရပြီး အဆိုးရွားဆုံးအနေအထားဖြင့် တန်းဆင်းရလျှင် အသင်း၏ ကစားသမားအများအပြားမှာ စာချုပ်ပါစည်းမျဉ်းအရ လစာငွေ ၂၅ ရာခိုင်နှုန်းအထိ ဖြတ်တောက်ခံရဖွယ်ရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

အာဆင်နယ်အသင်းသည် နောက်ဆုံး ကစားခဲ့သည့် ပရီးမီးယားလိဂ် ခုနစ်ပွဲမှ နှစ်မှတ်သာ ရရှိထားပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် အဆင့် ၁၅ နေရာ၌ ရပ်တည်နေကာ တန်းဆင်းဇုန်နှင့် လေးမှတ်သာ ကွာဟလျက်ရှိသည်။

myan789

တန်းဆင်းလျှင် လစာငွေ လျှော့ချသည့်အချက်ကို တန်းဆင်းဇုန်အန္တရာယ်ရှိအသင်းများသာ အရေးကြီးသည့်အကြောင်းအရာတစ်ခုအဖြစ် ထည့်သွင်းချုပ်ဆိုလေ့ရှိသော်လည်း ပရီးမီးယားလိဂ်နာမည်ကြီး အာဆင်နယ်အသင်းး၏ ကစားသမားအများအပြားတွင်လည်း ယင်းအချက် ပါဝင်နေသည်ဟု Daily Mail က ရေးသားခဲ့သည်။

အာဆင်နယ်အသင်းသည် ကစားသမားများအား တစ်နှစ် လစာငွေပေးချေသည့်ပမာဏ မှာ ပေါင် သန်း ၁၅၀ ကျော်ရှိပြီး မမျှော်လင့်ဘဲ တန်းဆင်းရလျှင် လစာဘတ်ဂျက်မှ ပေါင် ၃၇ ဒသမ ၅ သန်းကို အလိုအလျောက်ဖြတ်တောက်ခွင့်ရှိနေသည်။

လက်ရှိတွင် အာဆင်နယ်အသင်း၌ လစာငွေအများဆုံးဖြစ်သူ အသင်းခေါင်းဆောင် အူဘာမီယန်းနှင့် အိုဇေးလ်က ပေါင် သုံးသိန်းခွဲ ရရှိနေပြီး ဝီလီယံက ပေါင် နှစ်သိန်းနှင့် လာကာဇက်က ပေါင် ၁၈၀၀၀၀ ရရှိကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular