ပြီးခဲ့တဲ့ရာသီက မန်စီးတီးရဲ့ ဆုဖလားရရှိမယ့်လမ်းကြောင်းအားလုံးကို အာဆင်နယ်က သိမ်းပိုက်နိုင်ခဲ့သော်လည်း ဝက်စ်ဟမ်းကို အနိုင်ယူပြီး ပရီးမီးယားလိဂ်ဖလားကို လေးနှစ်ဆက်တိုက် ဆုဖလားကို ရရှိသွားခဲ့ပါတယ်။
ဂန်းနားတွေဟာ ဒီရာသီမှာ ပိုကောင်းအောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး ရစ်ကာဒို ကာလာဖီရီကို ခေါ်ယူထားသလို ဒေးဗစ် ရာယာနှင့်အတူ ဆယ်စုနှစ် နှစ်ခုကျော်အတွင်း ပထမဆုံး ထိပ်တန်းအမှတ်ပေးဖလားကို ရယူနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်က ကွန်မြူနတီဒိုင်းမှာ ယူနိုက်တက်ကို အနိုင်ယူပြီး ပြီးပြည့်စုံတဲ့ ရာသီအစကို စတင်နိုင်ခဲ့ကြတဲ့ ဂွါဒီယိုလာရဲ့အသင်းနှင့် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
မန်စီးတီးဟာတိုက်စစ်အားကောင်းဖို့ ပြုလုပ်ထားပြီး ဘရာဇီးတောင်ပံကစားသမား ဆာဗင်ဟိုကို ခေါ်ယူထားသလို ယခုအပတ်တွင် အင်္ဂလန်ချန်ပီယံတွေဟာ လီဗာပူးတိုက်စစ်မှူး လူးဝစ်ဒီယက်ဇ်နှင့် သဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းတွေထွက်နေပါတယ်။ သို့သော် Planet Premier League podcast တွင် ဖာဘရီဂတ်စ်က မန်စီးတီးက အဆင့်ကျသွားခြင်း သို့မဟုတ် ဒီအတိုင်းသာဆက်ရှိနေမယ်လို့သာ မျှော်မှန်းနိုင်သောကြောင့် နောက်ဆုံးတွင် အာဆင်နယ်ရဲ့ နှစ်ဖြစ်လာမယ်လို့ ယုံကြည်နေပါတယ်။
“ကျွန်တော်က အာတီတာကို အရမ်းကြိုက်ပါတယ် သူက အောင်မြင်မှုကိုဆာလောင်နေတဲ့ နည်းပြ အရမ်း ထက်မြက် ဉာဏ်ကောင်းပြီး နည်းဗျူဟာကျကျ လုပ်နိုင်သူဖြစ်ကာ သူ့ပတ်ဝန်းကျင်မှာလည်း ကောင်းကောင်းအလုပ်လုပ်တဲ့ လူတွေရှိပါတယ်” “မန်စီးတီးနဲ့အာဆင်နယ်ကြားက ကျွန်တော်မြင်ရတဲ့အချက်က အာဆင်နယ်ဟာ လူငယ်အသင်းဖြစ်ပြီး ဆာလောင်မှုအပြည့်နဲ့ ဆက်လက်ကြီးထွားလာနေပါတယ်။ တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာတာကိုလည်း တွေ့ရပါတယ်” “မန်စီးတီးကလည်း ပရီးမီးယားလိဂ်မှာ လေးကြိမ်ဆက်တိုက် ချန်ပီယံဆုဖလားရရှိထားပြီး သူတို့လုပ်ခဲ့တာထက် ပိုကောင်းအောင်လုပ်ဖို့က အရမ်းခက်ခဲတယ်လို့ ခံစားမိပါတယ်။ ဒါကြောင့် သူတို့ကို ကျဆင်းသွားနိုင်တယ်လို့ မြင်မိပါတယ်”
“သူတို့တွေ ကျဆင်းသွားတာ ဒါမှမဟုတ် လက်ရှိနေရာအတိုင်းရှိနေမယ်လို့ မြင်မိပါတယ်။ ဒါက အာဆင်နယ်ကို ဖြစ်လာနိုင်ချေရှိတယ်လို့ ခံစားရစေတဲ့အရာပါ။ ရိုးရိုးသားသား ပြောရမယ်ဆိုရင်တော့ မနှစ်က ကျွန်တော်ပြောခဲ့သလိုပါပဲ”
“ဒါပေမယ့် ကျွန်တော်မြင်တာက ဆက်တိုက်ဆိုသလို အာဆင်နယ် ကြီးထွားလာနေပြီး ဒါက သူတို့အတွက် နှစ်တစ်နှစ်ဖြစ်နိုင်တယ်လို့ ခံစားရပါတယ်”လို့ အာဆင်နယ်နှင့် စပိန်ကွင်းလယ်ကစားသမားဟောင်းက ပြောထားပါတယ်။
ဖာဘရီဂတ်စ်က အာဆင်နယ်က လာမယ့်မေလတွင် ထိပ်ဆုံးကနေ ရာသီပိတ်နိုင်မယ်လို့ ယုံကြည်နေပြီး ထိပ်ဆုံးလေးသင်းတွင် မန်စီးတီး၊ လီဗာပူးနှင့် ချဲလ်ဆီးတို့ ပါဝင်မယ်လို့ ခန့်မှန်းထားပါတယ်။ ထိပ်ဆုံးလေးသင်းကို ခန့်မှန်းရန် ပြောကြားရာတွင် အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်းက “အာဆင်နယ်၊ မန်စီးတီး၊ လီဗာပူး၊ ချဲလ်ဆီး”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဖာဘရီဂတ်စ်က အာဆင်နယ်အသင်းမှ စမစ်ရိုဝီ ထွက်ခွာသွားတဲ့အပေါ် စိတ်မကောင်းဖြစ်မိသော်လည်း ကွင်းလယ်တိုက်စစ်ကစားသမားဟာ ဖူလ်ဟမ်တွင် ကောင်းစွာကစားပြီး ထိပ်တန်းအဆင့်သို့ ပြန်လာနိုင်မယ်လို့ ယုံကြည်နေပါတယ်။
“ကျွန်တော် ဒီကစားသမားကို အရမ်းကြိုက်ပါတယ်။ ကျွန်တော်ကတော့ သူ့အမာခံပရိသတ်တစ်ယောက်ပါ”
“သူဟာ အသင်းကိုကွင်းလယ်ကနေ မောင်းနှင်ရာမှာ အရမ်းကိုကောင်းတဲ့သူပါ။ သူဟာ ဂိုးတွေသွင်းဖို့နဲ့ အချိန်နဲ့တပြေးညီ အနေအထားမှာ ရှိနေဖို့ အသင့်ဖြစ်နေသူပါ။ သူက ဘောလုံးပေးပိုလိုက်ပြီး သူက တတိယလူကိုကောင်းကောင်းနားလည်ပါတယ်” “သူအာဆင်နယ်ပုံစံအတိုင်း ကြီးပြင်းလာတယ်ဆိုတာ မြင်နိုင်တယ်။ သူက အလွန်ထက်မြက်တယ်၊ ပြိုင်ဆိုင်မှုရှိတယ် သူ့မှာ တကယ်ကောင်းတဲ့ ကွင်းလယ်ကနေ မောင်းနှင်အားရှိပါတယ်” “သူ ဒဏ်ရာကြောင့် အာဆင်နယ်ကနေ ထွက်ခွာခဲ့ရပြီး ပြန်ကောင်းလာဖို့ ရုန်းကန်နေရတာက တကယ်ဆိုးပါတယ်”
“အာတီတာက အရမ်းတောင်းဆိုနေတာကြောင့် သူကလည်း အတိအကျလုပ်ထားပြီးသားပါ။ သူတို့ဟာ အရမ်းပြိုင်ဆိုင်ကြပြီး လမ်းကြောင်းပေါ်ပြန်ရောက်ဖို့ ရုန်းကန်ခဲ့ရပါတယ်” “ဒါပေမယ့် သူကပြန်လာမှာပါ ထိပ်တန်းသို့ပြန်လာမှာပါ။ ဖူလ်ဟမ်က မှန်ကန်တဲ့ ခြေလှမ်းလို့ ကျွန်တော်ထင်ပါတယ်” “သူက အရမ်းဉာဏ်ကောင်းပါတယ်။ ဖူလ်ဟမ်မှာ ဘောလုံးကစားပုံကောင်း၊ နည်းပြကောင်းနဲ တည်ငြိမ်မှုရှိပြီး မနှစ်က ရာသီကောင်းတွေ ရရှိခဲ့တဲ့ ဘောလုံးသမားကောင်းတွေ ရှိပါတယ်” “ဖူလ်ဟမ်မှာ တစ်ရာသီ ဒါမှမဟုတ် နှစ်ရာသီလောက် ကောင်းကောင်းကစားနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ သူက ငယ်ရွယ်သေးပြီး ထိပ်တန်းအဆင့်ကို ပြန်ရောက်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ ၂၀၁၀ ကမ္ဘာ့ဖလားဆုရှင်က ပြောထားပါတယ်။