ပြီးခဲ့တဲ့ ရက်သတ္တပတ်က အာဆင်နယ်နှင့်ပွဲမှာ လူစားလဲခြင်းခံခဲ့ရပြီးနောက် ဥမင်ထဲသို့ တိုက်ရိုက်လျောက်သွားခဲ့တာ မဟုတ်ပါဘူးလို့ ချဲလ်ဆီးတောင်ပံကစားသမား မာဒူကီက ပြောကြားလိုက်ပါတယ်။
အဆိုပါပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ အင်္ဂလန်သားရဲ့နေရာတွင် နည်းပြ မာရက်စ်ကာက မူဒရစ်နဲ့လိုက်တာဖြစ်ပြီး ပွဲက ၁-၁ ဂိုးနှင့် ပြီးဆုံးခဲ့တာဖြစ်ပါတယ်။
ကွင်းထဲက ထွက်ခွာပြီးတာနဲ့ မူဒရစ်က ဥမင်ထဲသို့ ချက်ချင်းသွားခဲ့ပြီး လူစားလဲခံရတဲ့အပေါ် ဒေါသထွက်သွားတယ်လို့ ပြောကြားခြင်းခံနေရကာ ထိုဖြစ်ရပ်ကို မာရက်စ်ကာက မပြောဘဲနေခဲ့သော်လည်း သူ့ကို ဒဏ်ရိုက်သင့်တယ်လို့ ဖာဒီနန်က ပြောကြားလိုက်ပါတယ်။
ကွင်းထဲကနေထွက်ပြီးတိုင်း အရန်ခုံသို့မသွားဘဲ သူလုပ်ခဲ့အရာကို အသက် ၂၂ နှစ်အရွယ် ကစားသမားက ရှင်းပြလိုက်ပါတယ်။
သတင်းထောက်တွေကို မာဒူကီက “သန့်စင်ခန်းသွားဖို့အတွက် ကျွန်တော်က ဥမင်ထဲသို့သွားတာဖြစ်ပြီး စက္ကန် ၃၀ လောက်နေတော့ ကျွန်တော် ပြန်ရောက်လာပါတယ်။ ကွင်းထဲကနေထွက်ချိန်မှာ ပွဲတွေများကြီး ကြည့်ပါတယ်။ သန့်စင်ခန်းကိုသွားဖို့အတွက် ဥမင်သို့တိုက်ရိုက်သွားလိုက်တာပါ။ ဒါဟာ အရမ်းကြီးထူးဆန်းနေတာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။
ချဲလ်ဆီးကစားသမားဟာ အင်္ဂလန်ရဲ့ ဂရိအား ၃-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲမှာ လက်ရွေးစင်အသင်းအတွက် တတိယမြောက် ပွဲထွက်နိုင်ခဲ့ပြီး ဂိုးဖန်တီးမှု လုပ်နိုင်ခဲ့ကာ အိုင်ယာလန်နှင့်ပွဲမှာလည်း ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။