ဟယ်ရီနက်နက်က လီဗာပူး နည်းပြ ယာဂန်ကလော့ဟာ လာမည့် စနေနေ့ အာဆင်နယ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်း အတွက် ခက်ခဲတဲ့လူရွေးချယ်မှုနဲ့ ရင်ဆိုင်နေရပြီလို့ ဆိုလိုက်ပါတယ်။ လီဗာပူးဟာ ယနေ့မနက် အစောပိုင်းက ဒေးဗစ်မိုရက်ရဲ့ အသင်းကို အန်ဖီးမှာ အပြတ်အသတ် လွှမ်းမိုးကစားကာ ၅-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ဂိုးတွေကိုတော့ ကာတစ်ဂျုံး ၊ ဂတ်ပို ဆာလား တို့က သွင်းယူခဲ့ပါတယ်။
လီဗာပူးဟာ ဒီတစ်ပတ် စနေမှာ ပရီးမီးယားလိဂ် ဇယားထိပ်က အာဆင်နယ်နဲ့ အန်ဖီးမှာ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး ဒါဟာ title race အတွက် အထူး အရေးပါတဲ့ ပွဲစဉ် ဖြစ်ပါတယ်။ ကလော့ရဲ့ အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေ အတွင်း မန်စီးတီးရဲ့ လွှမ်းမိုးမှုကို တွန်းလှန်နိုင်ခဲ့တဲ့ တစ်ခုတည်းသော အသင်း ဖြစ်ပြီး ဒီရာသီမှာလည်း အာဆင်နယ်နဲ့ အပြိုင် အမှတ်ပေးဖလား ဆွတ်ခူးနိုင်ရန် ကြိုးပမ်းနေပါတယ်။
၀က်ဟမ်းကို အနိုင်ယူကာ လီဗာပူးတို့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် တက်ခဲ့ပြီးနောက် ရက်နက်က “ကလော့ဟာ လာမည့် စနေနေ့ ပွဲစဉ် အတွက် လူရွေးချယ်မှုပိုင်းမှာ ပြသနာ ရှိနေပါပြီ။ ဒီနေ့ပွဲမှာ ကစားခဲ့တဲ့ သူတွေထဲက ၁ ဦး ၂ ဦးဟာ အာဆင်နယ်နဲ့ ပွဲစဉ်မှာ ချန်ထားခဲ့ဖို့ ခက်ခဲပါတယ်။ ဒဏ်ရာ ပြသနာလည်း မရှိခဲ့ပါဘူး။ သူတို့ ဒီညမှာ ၀က်ဟမ်းကို အပြတ်အသတ် ချေမှုန်းခဲ့တာပါ။ ပွဲအစကတည်းက ပွဲပြီးတဲ့ အထိ ဒါဟာ တစ်သက်ဖက် ပွဲစဉ် ဖြစ်ခဲ့ပါတယ်။”
ဆက်လက်ပြီး ရက်နက်က “ဒါဟာ လီဗာပူး အတွက် ပြီးပြည့်စုံတဲ့ ညတစ်ည ပါပဲ။ ၀က်ဟမ်း ကတော့ တကယ့်ကို ညံ့ခဲ့ပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စိတ်ပျက်မှုကို အကောင်းဆုံး ပုံစံနဲ့ ရုန်းထွက်နိုင်ခဲ့ပါတယ်။ လာမည့် စနေနေ့မှာတော့ အာဆင်နယ်နဲ့ ပွဲကြီးပွဲကောင်း ရှိနေပါတယ်။
ကာတစ်ဂျုံးဟာ တကယ့်ကို ကောင်းမွန်ခဲ့ပြီး အယ်လီယော့ ကလည်း စွမ်းအင် အပြည့်နဲ့ ကစားသွားခဲ့ပါတယ်။ ယာဂန်ကလော့ အတွက် ပြီးပြည့်စုံတဲ့ ညပါပဲ။ ဂျရော့ဘို၀င် ကလည်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဘို၀င်ဟာ သူနှစ်သက်တဲ့ ၀က်ဟမ်း ကစားသမား ဖြစ်ပါတယ်။ ပြီးတော့ သူ့အသင်း ကလည်း ငါးဂိုး သွင်းယူနိုင်ခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။