spot_img

အာဆင်နယ်ကနေထွက်ခွာဖို့ ဆွေးနွေးနေတဲ့ ဂျော်ဂျင်ဟို

ဘရာဇီးကလာတဲ့သတင်းတွေအရ အာဆင်နယ်ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ပါးလ်မီးရက်စ်အသင်းက ချဉ်းကပ်နေတယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ်သားဟာ အာဆင်နယ်အသင်းနဲ့စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲရောက်နေပြီး ရာသီအကုန်မှာ အလွတ်နဲ့ထွက်ခွာနိုင်မှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဂျော်ဂျင်ဟိုနဲ့ဆွေးနွေးနေပြီး အာတီတာကလည်း အီတလီသားအနာဂတ်အကြောင်း အဖြေရှာဖို့အစီအစဉ်မရှိသေးဘူးလို့ ပြီးခဲ့တဲ့အပတ်တုန်းက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“အခုချိန်မှာ ကျွန်တော်ဒီအကြောင်းစတင်မပြောချင်သေးပါဘူး။ ဒီအကြောင်းတွေကို နောက်ပိုင်းမှာ ကျွန်တော် ပြောပါမယ်။ ဘာလို့လဲဆိုတော့ အခုက ဒီရာသီအတွက် အာရုံစိုက်နေတာကြောင့်ပါ။ သူတို့အခြေအနေတွေကို နားလည်မယ်လို့ ထင်ပါတယ်။ အဲ့နောက် ကျွန်တော်တို့ ဘာလုပ်မလဲဆိုတာကို မြင်ရမှာပါ။ သူတို့က လက်ရှိမှာ အာဆင်နယ်ကစားသမားဖြစ်နေဆဲပါ။ သူတို့က အသင်းအတွက် အရေးပါတဲ့သူတွေပါ။ ကျွန်တော် သူတို့ကို မှန်ကန်တဲ့အခြေအနေဖြစ်အောင် ထိန်းသိမ်းထားချင်ပါတယ်။ ဘာလို့လဲဆိုတော့ လက်ရှိမှာ ရာသီရဲ့အရေးပါဆုံးအစိတ်အပိုင်းကို ရောက်လာခဲ့ပါပြီ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

myan789

သတင်းတွေအရ ပါးလ်မီးရက်စ်အသင်းဟာ ဂျော်ဂျင်ဟိုတာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေပြီး ကမ်းလှမ်းမှုတော့ မလုပ်ရသေးတာဖြစ်ပါတယ်။ သတင်းတွေအရ ဂျော်ဂျင်ဟိုတစ်ယောက် အခုဆောင်းဈေးကွက်မှာတင် အသင်းကနေထွက်ခွာနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အာတီတာကတော့ အခုလထဲမှာ ကစားသမားသစ်ခေါ်ယူဖို့ခက်ခဲနိုင်တယ်လို့ သောကြာနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ကစားသမားသစ်ပဲခေါ်ယူတာက ကျွန်တော်တို့ကို အကူအညီဖြစ်စေမှာမဟုတ်ပါဘူး။ အသင်းအတွက် အကျိုးပြုနိုင်မယ့်ကစားသမားမျိုးကိုသာ ခေါ်ယူရမှာပါ။ အဲ့လိုကစားသမားမျိုးဈေးကွက်ထဲမှာ ရှာရတာ ခက်ခဲပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular