ဘူကာယို ဆာကာ သည် အာဆင်နယ်၏ တစ်ရာသီတာအကောင်းဆုံးကစားသမားဖြစ်ပြီး ပရီးမီးယားလိဂ်ခေါင်းဆောင်များက သူ့အား အသက် ၂၁ နှစ်တွင် ဝင်ငွေအကောင်းဆုံးအင်္ဂလန်လက်ရွေးစင်ဖြစ်လာရန် ဆန္ဒရှိနေပါသည်။
အင်္ဂလန်လက်ရွေးစင် ဘူကာယိုဆာကာကို တစ်ပတ်လုပ်ခ ပေါင် ၂၈၈၀၀၀ ထက် ပိုတန်သော နှစ်ရှည်စာချုပ်သစ်နှင့် ကမ်းလှမ်းသွားရန် အာဆင်နယ်အသင်းက စီစဉ်ထားပါသည်။ အကယ်၍ ထိုကမ်းလှမ်းထားသော စာချုပ်ကို ချုပ်ဆိုပါက ဆာကာသည် အာဆင်နယ် တွင် တစ်ပတ်လုပ်ခ ပေါင် ၂၈၈,၀၀၀ ကျော် ရရှိမည်ဖြစ်သည်။ ယင်းသည် အာဆင်နယ်တွင် တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ စံချိန်တင်ထားသည့် အိုဇေးလ်၏ စံချိန်တင်လစာနှင့် မယှဥ်နိုင်သော်လည်း အာဆင်နယ်အသင်းသမိုင်းတစ်လျှောက် လုပ်ခလစာအကောင်းဆုံး ကစားသမားများထဲမှ တစ်ဦးဖြစ်လာမည်ဖြစ်သည်။
အသက် ၂၁ နှစ်ရှိ ဆာကာ သည် အာဆင်နယ်တွင် ထူးထူးခြားခြား မြင့်တက်ပေါ်ထွက်လာပြီးနောက် ဥရောပ၏ စိတ်လှုပ်ရှားစရာအကောင်းဆုံး ဘောလုံးသမားတစ်ဦးဖြစ်သည်။ အာဆင်နယ်အသင်း၏အကောင်းဆုံးကစားသမားဆုကို နှစ်ရာသီတိုင်တိုင်ရရှိထားသည့် ဆာကာသည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ပထမဆုံးပွဲထွက်ခွင့်ရရှိခဲ့ပြီးကတည်းက ပထမဦးစားပေး ၁၁ ဦးထဲ ၁၆၉ ကြိမ် ပါဝင်ခဲ့ပြီး FA ဖလားနှင့် ကွန်မြူနတီဒိုင်းတိုကို ဆွတ်ခူးနိုင်ခဲ့သည်။
ထိုကြောင့်လည်း အာဆင်နယ်အသင်းက စာချုပ်သက်တမ်း တစ်နှစ်ကျော်သာ ကျန်ရှိတော့သည့် ဆာကာကို မဆုံးရှုးရရန် ဆာကာ ကို သူတို၏ အမြင့်ဆုံး ၀င်ငွေရရှိသူအဖြစ် Gabriel Jesus နှင့် Martin Odegaard တိုလို ထက်ပိုပြီး ကမ်းလှမ်းရန် ဆန္ဒရှိနေခြင်းဖြစ်ပါသည်။ ဆာကာ သည် မန်စီးတီးက ခေါ်ယူလိုသည့်ကစားသမားစာရင်းတွင် ပါဝင်နေသည်။
မီဒီယာအချိုကလည်း ဆာကာသည် တစ်နှစ်လျှင် အနည်းဆုံး ပေါင် ၁၀ သန်း (တစ်ပတ်လျှင် ပေါင် ၁၉၂၀၀၀ ကျော်) တန်ကြေးရှိသော အာဆင်နယ်နှင့် စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်နေပြီဟု ဖော်ပြခဲ့သည်။ ဘောနပ်စ်များနှင့် အခြားအပိုပရိုဂရမ်များကြောင့် တစ်နှစ်လျှင် ပေါင် ၁၅ သန်းနီးပါး ရရှိမည်ဟု အခိုင်အမာဆိုထားကြကြောင်း သိရသည်။