spot_img

အာဆင်နယ် လူငယ် ကြယ်ပွင့်ကို အဂွေးရိုး ၊ ဆန်းချက်ဇ် တို့နဲ့ နှိုင်းယှဉ် ချီးကျူးလိုက်တဲ့ ဂျိုကိုးလ်

ချဲလ်ဆီး နဲ့ အင်္ဂလန် ကစားသမားဟောင်း ဂျိုကိုးလ် ဟာ အာဆင်နယ် အသင်း ရဲ့ နောက်ပိုင်း ပွဲစဉ်တွေမှာ ခြေစွမ်းပြ ကစားနေတဲ့ မာတီနယ်လီ ကို တောင်အမေရိက ကစားသမားတွေ ဖြစ်ကြတဲ့ အဂွေးရိုး ၊ ဆန်းချက်ဇ် တို့နဲ့ နှိုင်းယှဉ် ချီးကျူး သွားခဲ့ပါတယ် ။

မာတီနယ်လီဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ကာလကမှ ဘရာဇီး ကလပ် အီတူယာနို အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၆ သန်းနဲ့ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ရောက်ရှိ လာတာလည်း ဖြစ်ပါတယ် ။

myan789

ဘရာဇီး လူငယ် တိုက်စစ်မှူး မာတီနယ်လီ ဟာ အာဆင်နယ် ကစားသမား ဘဝ ပထမဆုံး ရာသီမှာတင် ပြိုင်ပွဲစုံ ၂၆ ပွဲ အထိ ကစားခွင့်ရခဲ့ပြီး စုစုပေါင်း သွင်းဂိုး ၁၀ ၊ ဂိုးဖန်တီးမှု ၄ ကြိမ် အထိ ပြု လုပ်နိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက်မှာတော့ မာတီနယ်လီ ဟာ ဒူးဒဏ်ရာကြောင့် ကိုးလကြာ အနားယူ ခဲ့ရပြီး ၊ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကမှ အာဆင်နယ် အတွက် ပြန်လည် ကစား ပေးနိုင်ခဲ့ပါတယ် ။ ဒါပေမယ့် မာတီနယ်လီ ဟာ ပုံမှန် ပွဲထွက် ကစားခွင့် မရရှိဘဲ အချိန် အများစုကို အရန်ခုံမှာသာ ကုန်ဆုံး ခဲ့ရပါတယ် ။

ဒီရာသီမှာလည်း မာတီနယ်လီ ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲ နှစ်ပွဲမှာပဲ ပွဲထွက် ကစားခွင့် ရခဲ့ပြီး နောက်ပိုင်းပွဲတွေမှာ အရန်ခုံသာ ထိုင်ခဲ့ရပါတယ် ။ ဒါပေမယ့် ဒီဇင်ဘာလ အရောက်မှာတော့ မာတီနယ်လီ ဟာ အာဆင်နယ် အတွက် ပွဲထွက် ကစားခွင့် ပြန်လည် ရရှိ လာခဲ့ပါတယ် ။

မာတီနယ်လီ ဟာ နယူးကာဆယ် နဲ့ ပွဲမှာ လူစားဝင် ကစားပြီး ဂိုးသွင်း နိုင်ခဲ့သလို ၊ မန်ယူနိုက်တက် နဲ့ ဆောက်သမ်တန် ပွဲတွေမှာလည်း ဂိုးဖန်တီးမှုတစ်ကြိမ်စီ နဲ့ နောက်ဆုံး ကစားခဲ့တဲ့ ဝက်စ်ဟမ်း အသင်း နဲ့ ပွဲမှာ သွင်းဂိုး တစ်ဂိုး သွင်းယူ နိုင်ခဲ့ပါတယ် ။

မာတီနယ်လီ ရဲ့လက်တစ်လော ပုံစံကောင်းတွေကြောင့် အီယန်ရိုက် က ဘရာဇီးသား ဟာ အူဘာမီယန်း ရဲ့ နေရာကို ဆက်ခံ နိုင်စွမ်း ရှိတယ်လို့ ချီးကျူး ထားပါတယ် ။ဂျိုကိုးလ် ကလည်း BT Sports မှာ မာတီနယ်လီကို အဂွေးရိုး ၊ ဆန်းချက်ဇ် တို့နဲ့ နှိုင်းယှဉ် ချီးကျူး သွားခဲ့ပါတယ် ။

” ဒီလူငယ်လေးက တကယ့်ကို ထူးချွန်ကောင်းမွန်တဲ့ ကစားသမားလေးပါ ၊ ကျွန်တော်က သူ့ရဲ့ အမာခံ ပရိသတ် ဆိုလည်း မှန်ပါတယ် ၊ သူ့ကို ကြည့်ရတာ အဂွေးရိုး ငယ်ငယ်လေး ကို မြင်ရသလို ဆန်းချက်ဇ် ကို မြင်နေရသလိုပါပဲ ။ ” လို့ ချီးကျူး သွားခဲ့တာ ဖြစ်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular