အင်တာမီလန်အသင်းသည် အာဆင်နယ်အသင်းမှ ထွက်ခွာမည်ဟု သတင်းများထွက်ပေါ်နေသည့် စပိန်နောက်ခံလူ ဘယ်လာရင်အား ခေါ်ယူရန်စီစဉ်နေကြောင်းသိရသည်။
အသက် (၂၆)နှစ်အရွယ် ရှိဘယ်လာရင်သည် လာမည့် ၂၀၂၃ ဇွန်လတွင် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အာဆင်နယ်အသင်းအနေဖြင့် ယခုနွေရာသီတွင် ဘယ်လာရင်အား ရောင်းချရန်စီစဉ်နေ ရာ ယခုအပြောင်းအရွှေ့မှာ ဖြစ်ပေါ်လာဖွယ်ရှိနေသည်။
အင်တာမီလန်အသင်းသည် ဘယ်လာရင်အတွက် ယူရို (၁၇)သန်းခန့် ပေးချေရဖွယ်ရှိပြီး ဟာကီမီ၏နေရာတွင် အစားထိုးလိုခြင်းဖြစ်သည်။