spot_img

အသင်း၏ကွင်းလယ်စုဖွဲ့မှုအပေါ် ရီးယဲလ်မက်ဒရစ်အသင်း ကျေနပ်နေပြီး ပေါ့ဘာအားခေါ်ယူရန် ဆန္ဒမရှိကြောင်း Marca ဖော်ပြ

ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်း၏ကွင်းလယ်စုဖွဲ့မှုအပေါ် ကျေနပ်လျက်ရှိပြီး ၎င်းတို့နှင့်ကာလရှည်သတင်းထွက်နေသော မန်ယူအသင်း၏ ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ပေါ့ဘာအားခေါ်ယူရန် ဆန္ဒမရှိကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။

ရီးယဲလ်အသင်းသည် ယခုဇန်နဝါရီ (သို့မဟုတ်)လာမည့် နွေရာသီအပြောင်းအရွှေ့တွင် အသင်း၏ကွင်းလယ်ပိုင်းကို အားဖြည့်ရန်ထက် တိုက်စစ်ပိုင်းအားဖြည့်မှုကိုသာ ပြုလုပ်လိုနေပြီး PSG အသင်း၏ ပြင်သစ်တိုက်စစ်မှူး ဘာပေကို ခေါ်ယူရန်သာ အဓိကပစ်မှတ်ထားဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

myan789

အသက် (၂၈)နှစ်အရွယ်ရှိ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာသည် လက်ရှိကလပ်အသင်းဖြစ်သည့် မန်ယူအသင်းနှင့် လာမည့်နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိအချိန်အထိ အသင်းနှင့်စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုမရသေးသူဖြစ်သည်။

ပေါ့ဘာသည် ရီးယဲလ်အသင်းသို့ပြောင်းရွှေ့ရန် မျှော်လင့်နေကြောင်း မကြာခဏဆိုသလို သတင်းများထွက်ပေါ်လေ့ရှိသည့် ကစားသမားတစ်ဦးဖြစ်ပြီး ရီးယဲလ်အသင်းအနေဖြင့်လည်း နည်းပြဟောင်း ဇီဒန်းကိုင်တွယ်စဉ်က ပေါ့ဘာအား ခေါ်ယူရန်ကြိုးစားခဲ့ဖူးကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

သို့သော် လက်ရှိအချိန်တွင်မူ ရီးယဲလ်အသင်းသည် အသင်း၏ကွင်းလယ်စုဖွဲ့မှုအပေါ် အားရကျေနပ်နေပြီး ပေါ့ဘာအားခေါ်ယူရန် ဆန္ဒမရှိဘဲ အသင်း၏အပြောင်းအရွှေ့အသုံးစရိတ်ကို ဘာပေအားခေါ်ယူရေးအတွက်သာ ဦးစားပေးသုံးစွဲသွားရန် စီစဉ်ထားကြောင်း သိရသည်။

ရီးယဲလ်အသင်းသည် အသင်း၏ဝါရင့်ကွင်းလယ်လူတစ်ဦးဖြစ်သော မိုဒရစ် (၃၆ နှစ်)အား တစ်နှစ်သက်တမ်းတိုးရန်စီစဉ်နေပြီး လာမည့်ရာသီတွင် အသင်း၏ ကွင်းလယ်ပိုင်းအတွက် တိုနီကရို့စ်၊ မိုဒရစ်၊ ကက်စီမီရိုတို့ (၃) ဦးကိုသာ အဓိကအားပြုသွားဖွယ်ရှိနေသည်။

ထို့ပြင် လူငယ်ကွင်းလယ်လူ (၃)ဦးဖြစ်သော ဗယ်လ်ဗာဒီ၊ ကာမာဗင်ဂါနှင့် ဘလန်ကိုတို့၏ ခြေစွမ်းမှာလည်း အရန်သင့်အစားထိုးနိုင်သည်ဟု ယုံကြည်ထားရာ ရီးယဲလ်အနေဖြင့် အသင်း၏ကွင်းလယ်ပိုင်းကို အားဖြည့်ရန်အစီအစဉ်မရှိခြင်းဖြစ်ကြောင်း Marca က ဖော်ပြခဲ့သည်။

ပေါ့ဘာ သည် လက်ရှိအချိန်တွင် ပြင်သစ်လက်ရွေးစင်အသင်းနှင့် လေ့ကျင့်ရေးအစီအစဉ်တွင် ရရှိခဲ့သည့် ပေါင်ဒဏ်ရာကြောင့် (၃)လခန့် အနားယူရဖွယ်ရှိနေကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular