spot_img

အသင်းသားတွေကို မနှစ်ကထက် ပိုကောင်းလာဖို့ တောင်းဆိုလိုက်တဲ့ အဲရစ်တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် ကို စတင်ကိုင်တွယ်တဲ့ ပထမဆုံး ဘောလုံး ရာသီမှာ အဲရစ်တန်ဟတ် ဟာ မျှော်လင့်ထားတာတွေထက် ပိုပြီး စွမ်းဆောင်ပြ နိုင်ခဲ့ပါတယ် ။ ချန်ပီယံလိဂ် ဝင်ခွင့်ကို ပြန်လည် ရယူပေးနိုင် ခဲ့တာက တန်ဟတ် အပေါ်ထားရှိတဲ့ မန်ယူနိုက်တက်ရဲ့ ရည်မှန်းချက် ပြည့်မြောက်ခဲ့တာ ဖြစ်ပြီး လိဂ်ဖလား အောင်ပွဲကတော့ အချိုပေါ် သကာလောင်းသလို ဖြစ်စေခဲ့တာပါ ။

ဒါပေမယ့် တန်ဟတ် ကတော့ အခုရာသီမှာ ယူနိုက်တက် အနေနဲ့ မနှစ်ကထက် ပိုမို ကောင်းမွန်တိုးတက် လာစေလိုတယ်လို့ ထုတ်ဖော်ပြောဆို ခဲ့ပြီး အသင်းသားတွေကို တောင်းဆိုမှု ပြုလုပ် သွားခဲ့ ပါတယ် ။

myan789

“မနှစ်ကဒီလို အချိန်နဲ့ စာရင် အခု ကဏ္ဍတိုင်းလိုလိုမှာ တိုးတက် ကောင်းမွန်လာခဲ့ပါပြီ ။ ဒါပေမယ့် အခုချိန်အထိ ယူနိုက်တက် က သူတို့ ရှိသင့် ရှိနေရမယ့် အဆင့်အတန်းမျိုးကို ပြန်မရောက်နေသေးပါဘူး ။ မနှစ်ကထက် ပိုတဲ့ စွမ်းဆောင်ရည်မျိုးကို ဒီနှစ်မှာ ပြသဖို့ ကျွန်တော် အလိုရှိပါတယ် ။ နောက်ထပ် ပိုမြင့်တဲ့ တဆင့်ကို ကျွန်တော်တို့ ကူးရမှာပါ” လို့ ယူနိုက်တက် နည်းပြ တန်ဟတ် က ပြောဆို သွားခဲ့ ပါတယ် ။

“အင်္ဂလိပ်လိဂ် က တိုးတက်ပြီးရင်း တိုးတက်နေပါတယ် ။ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကနဲ့ ယှဉ်ကြည့်လိုက်မယ် ဆိုရင် အခုက ပိုပြီး ခက်ခဲလာပါပြီ ။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ အမြဲတမ်း သင်ယူလေ့လာနေဖို့ လိုအပ်မှာပါ ။ ဒီလိဂ်မှာ အကောင်းဆုံး ကစားသမားတွေ ၊ အကောင်းဆုံး နည်းပြတွေ ရှိနေပါတယ် ။ ပွဲတိုင်းဟာ အမှားခံလို့ မရတဲ့ ပွဲတွေပါ”

“ဒီလို စိန်ခေါ်မှုပြင်းထန်တဲ့ နေရာကို ကျွန်တော် သဘောကျပါတယ် ။ မနှစ်ကထက် ပိုကောင်းတဲ့ ရလဒ်တွေနဲ့ ရာသီသစ် ကို စတင်ဖို့ ကျွန်တော် မျှော်လင့်နေပါပြီ” လို့လည်း နည်းပြ တန်ဟတ် က ပြောဆို သွားခဲ့ ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် ဟာ ဒီကနေ့ မနက်ပိုင်းမှာ အမေရိက ခြေစမ်းပွဲရဲ့ နောက်ဆုံး ပွဲစဉ် အဖြစ် ဂျာမန် ကလပ် ဒေါ့မွန် အသင်းနဲ့ ရင်ဆိုင် ကစားသွားခဲ့ ပါတယ် ။ ယူနိုက်တက် ဟာ မန်ချက်စတာ ကို ပြန်လာတော့မှာ ဖြစ်ပြီး ရာသီသစ် မစတင်ခင်မှာ လန်းစ် ၊ ဘီဘာအို အသင်းတွေနဲ့ ထပ်မံ ခြေစမ်း ကစားသွားဦးမှာ ဖြစ်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular