spot_img

အသင်းနောက်ခံကစားသမားဟောင်း ဗာရန်းကို မန်ယူအသင်းမှ ပြန်လည်ခေါ်ယူရန် ရီးယဲလ်အသင်း စီစဉ်နေ

ရီးယဲလ်မက်ဒရစ်အသင်းသည် မန်ယူအသင်းမှ အသင်းနောက်ခံကစားသမားဟောင်း ဗာရန်းကို ပြန်လည်ခေါ်ယူရန် စီစဉ်နေကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။ 

အသက် (၃၀) အရွယ်ရှိ ပြင်သစ်လက်ရွေးစင်နောက်ခံကစားသမား ဗာရန်းသည် ယခုရာသီတွင် မန်ယူအသင်း၌ ပုံမှန်နေရာရရန် ရုန်းကန်နေသလို ၎င်း၏လက်ရှိစာချုပ်မှာလည်း ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။ 

myan789

ရီးယဲလ်မက်ဒရစ်အသင်းတွင် နောက်ခံကစားသမား မီလီတို ဒူးအရွတ်ဒဏ်ရာကြောင့် အနားယူနေသလို ယခုအခါ အလာဘာလည်း ဒူးအရွတ်ကြော ဒဏ်ရာရရှိခဲ့သဖြင့် နောက်ခံအတွင်းလူတစ်ဦး ခေါ်ယူဖွယ်ရှိနေကြောင်း သိရှိရသည်။ 

ရီးယဲလ်အသင်းသည် ယင်းအခြေအနေတွင် မန်ယူအသင်း၌ ရုန်းကန်နေရသည့် ဗာရန်းကို ပြန်လည်ခေါ်ယူရန် စီစဉ်လာခြင်းလည်း ဖြစ်ကြောင်း သိရသည်။ ဗာရန်းသည် ၂၀၂၁ တွင် မန်ယူအသင်းထံသို့ မပြောင်းရွှေ့မီ ရီးယဲလ်အသင်းအတွက် ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်ထိ ကစားခဲ့ပြီး ပြိုင်ပွဲစုံ ပွဲ (၃၆၀) ကစားခဲ့သည်။

ဗာရန်းသည် မန်ယူအသင်းတွင် နည်းပြဖြစ်သူ တန်ဟက်ဂ်နှင့် အဆင်မပြေဖြစ်လျက်ရှိနေသည့်အတွက် အပြောင်းအရွှေ့ဖြစ်ပေါ်လာရန် ရီးယဲလ်အသင်းက မျှော်လင့်နေကြောင်းလည်းသိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular