spot_img

အသင်းခေါင်းဆောင် အော်ဒီဂွါနှင့် နောက်ခံကစားသမား ဘင်ဝှိုက်တို့အား စာချုပ်သစ်ချုပ်ဆိုရန် အာဆင်နယ်အသင်း ဆွေးနွေးနေ

အာဆင်နယ်အသင်းသည် အသင်းခေါင်းဆောင် အော်ဒီဂွါနှင့် နောက်ခံကစားသမား ဘင်ဝှိုက်တို့အား စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ 

အသက် ၂၄ နှစ်အရွယ် နော်ဝေလက်ရွေးစင်အသင်းကွင်းလယ်ကစားသမား အော်ဒီဂွါသည် ၂၀၂၁ ဇန်နဝါရီတွင် အာဆင်နယ်အသင်းထံ အငှားဖြင့် စတင်ရောက်ရှိလာခဲ့သူဖြစ်သည်။ အာဆင်နယ်အသင်းသည် အော်ဒီဂွါ၏ခြေစွမ်းကို သဘောကျသဖြင့် ၂၀၂၁ သြဂုတ်လတွင် Add-ons ကြေးများ အပါအဝင် ပေါင် သန်း ၄၀ ဖြင့် အပြီးသတ် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ 

myan789

အော်ဒီဂွါသည် အာဆင်နယ်အသင်း၏ကွင်းလယ်တွင် အဓိက ကစားသမားဖြစ်လာခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံရသည့်အထိ ခြေစွမ်းပြကစားနိုင်ခဲ့သည်။ အာဆင်နယ်အသင်း နှင့် ချုပ်ဆိုထားသည့် အော်ဒီဂွါ၏ လက်ရှိ စာချုပ်မှာ ၂၀၂၅ ဇွန် ၃၀ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အာဆင်နယ်အသင်းက ၎င်းကို ကာလရှည်စာချုပ် ချုပ်ဆိုရန် ဆွေးနွေးနေခြင်းဖြစ်သည်။ 

Daily Mail ၏ ဖော်ပြချက်အရ အာဆင်နယ်အသင်းတာဝန်ရှိသူများသည် အော်ဒီဂွါအား စာချုပ်သစ်ချုပ်ဆိုရန်အတွက် ကစားသမား၏ အေးဂျင့်နှင့်ဆွေးနွေးနေပြီး တိုးတက်မှုများရှိနေကြောင်း သိရှိရသည်။ အော်ဒီဂွါသည် လက်ရှိတွင် အာဆင်နယ်အသင်း၌ တစ်ပတ်လစာ ပေါင် ၁၂၀၀၀၀ ရရှိနေပြီး စာချုပ်သစ် ချုပ်ဆိုဖြစ်ပါက တစ်ပတ်လစာ ပေါင် ၂၀၀၀၀၀ ကျော်အထိ ရရှိမည်ဖြစ်ကြောင်း သိရသည်။ အော်ဒီဂွါအား စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးမှုမှာ နောက်ဆုံးအဆင့် ရောက်နေပြီဖြစ်ပြီး အသေးစိတ် အချက်အလက်အချို့သာ ဆွေးနွေးရန်လိုတော့ကြောင်းလည်း သိရှိရသည်။ 

အာဆင်နယ်အသင်းသည် အော်ဒီဂွါ အပြင် အသင်း၏အဓိကနောက်ခံကစားသမားတစ်ဦးဖြစ်သည့် ဘင်ဝှိုက်ကိုလည်း စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေကြောင်း သိရသည်။ အသက် ၂၅ နှစ်အရွယ်ရှိ အင်္ဂလန် နောက်ခံကစားသမား ဘင်ဝှိုက်သည် ၂၀၂၁ တွင် ဘရိုက်တန်အသင်းမှ အာဆင်နယ်အသင်းထံသို့ ပေါင် သန်း ၅၀ ဖြင့် ပြောင်းရွှေ့လာသူဖြစ်သည်။ 

အာဆင်နယ်အသင်းနှင့် ချုပ်ဆိုထားသည့် ဘင်ဝှိုက်၏ လက်ရှိစာချုပ်မှာ ၂၀၂၆ ဇွန် ၃၀ ရက်တွင်မှ ကုန်ဆုံးမည်ဖြစ်သည်။ သို့သော် အာဆင်နယ်အသင်း သည် ယခုရာသီတွင် အသင်းအတွက် ခြေစွမ်းပြနေသည့် ဘင်ဝှိုက်ကိုလည်း လစာတိုးပေးကာ နှစ်ရှည်စာချုပ်ချုပ်ဆိုရန် ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။ 

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာ သီ ပရီးမီးယားလိဂ်တွင် ဒုတိယရခဲ့သည့် အသင်းမှ အဓိကကစားသမားများကို အသင်းတွင် နှစ်ရှည်ဆက်ထိန်းရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး တောင်ပံတိုက်စစ်ကစားသမားများဖြစ်သည့် မာတင်နယ်လီနှင့် ဆာကာတို့ကို လစာတိုးပေးကာ ၂၀၂၇ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုထားသည်။ 

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular