ရီးရဲလ်အသင်းနည်းပြ အန်ဆယ်လော့တီကတော့ သူ့အနေနဲ့ အသင်းရဲ့ကစားကွက်ပိုင်းကို ဘာမှအပြောင်းအလဲလုပ်မှာမဟုတ်ဘူးလို့ သိရပါတယ။
ဘာပေဟာ သူ့အိပ်မက်အသင်းဖြစ်တဲ့ ရီးရဲလ်အသင်းထံပြောင်းရွှေ့လာခဲ့ပေမယ့် ရုန်းကန်နေရတာဖြစ်ပါတယ်။ ပြင်သစ်သားဟာ မက်ဒရစ်ကလပ်မှာ သူအားသန်တဲ့ ဘယ်ခြမ်းထက် တိုက်စစ်နေရာမှာသာ ကစားနေရတာဖြစ်ပါတယ်။ သုံးသပ်သူတွေကတော့ မက်ဒရစ်အနေနဲ့ သူတို့စတားတွေရဲ့အကောင်းဆုံးပုံစံတွေကို မြင်ချင်တယ်ဆိုရင် နည်းစနစ်ပိုင်းအပြောင်းအလဲလုပ်ရမယ်လို့ ယူဆနေကြပါတယ်။
ဒါပေမယ့်လည်း အေအက်စ်သတင်းဌာနကတော့ အန်ဆယ်လော့တီအနေနဲ့ ဘာပေအတွက် နည်းစနစ်ပိုင်းကို အပြောင်းအလဲလုပ်မှာမဟုတ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။ ဘာပေဟာ ရီးရဲလ်အသင်းရဲ့နောက်ဆုံး ၄ ပွဲမှာ ဂိုးပေါက်ပျောက်ခဲ့ပြီး ဒီရာသီပြိုင်ပွဲစုံ ၁၆ ပွဲမှာ ၈ ဂိုးသွင်းယူနိုင်ခဲ့ကာ အဆိုပါသွင်းဂိုးတွေဟာ ပင်နယ်တီတွေများနေတာဖြစ်ပါတယ်။
လက်ရှိမှာ ရီးရဲလ်အသင်းဟာ ထိပ်ဆုံးနေရာက ဘာစီလိုနာနဲ့ ၆ မှတ်ကွာဟနေပြီး လာမယ့် လီဂါနက်စ်နဲ့ပွဲမှာ အနိုင်မဖြစ်မနေကန်ရမှာဖြစ်ပါတယ်။ နိုင်ငံတကာရက်သတ္တပတ်ပြီးနောက် ဘာပေအနေနဲ့ အဆိုပါပွဲမှာ ပွဲဦးထွက်ပါဝင်လာဖွယ်ရှိနေပါတယ်။