spot_img

အဝေးကွင်းရလဒ်များ ဆိုးရွားနေသော်လည်း စိတ်မပူကြောင်း ကလော့ပ် ဆို

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ယခုရာသီ ပရီးမီးယားလိဂ်တွင် အဝေးကွင်းရလဒ်များ ဆိုးရွားနေသော်လည်း မိမိအနေဖြင့် စိတ်မပူကြောင်း ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ် အိမ်ကွင်း (၇)ပွဲစလုံး အနိုင်ရခဲ့သော်လည်း အဝေးကွင်း (၆)ပွဲတွင် (၁)ပွဲသာ အနိုင်ရပြီး (၄)ပွဲသရေ၊ (၁)ပွဲရှုံးရလဒ် ထွက်ပေါ်ထားသည်။

myan789

သို့သော် ယာဂန်ကလော့ပ်က ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်အချို့တွင် မိမိတို့အသင်း ကံမကောင်းခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက “အဝေးကွင်း ရလဒ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော် စိတ်မပူပါဘူး။ တချို့အဝေးကွင်းပွဲစဉ်တွေမှာ ကျွန်တော်တို့ နိုင်သင့်ရက်နဲ့ ကံဆိုးခဲ့တာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အသင်း အဝေးကွင်း ရလဒ်တွေ ဆိုးနေတာကတော့ အမှန်တရားပါပဲ။ ဒီတော့ ကျွန်တော်တို့အနေနဲ့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် ပြောင်းလဲသင့်တာတွေ ပြောင်းလဲရပါမယ်”ဟု ပြောကြားခဲ့သည်။

ထို့ပြင် ကလော့ပ်က မိမိတို့အသင်းမှာ ပရီးမီးယားလိဂ် လက်ရှိချိန်ပီယံဖြစ်သည့်အတွက် အသင်းတိုင်းက အနိုင်လိုချင်နေကြပြီး မိမိတို့အသင်းနှင့် ကစားသည့်ပွဲစဉ်များတွင် ပြိုင်ဘက်အသင်းများသည် အနိုင်ရရန် အစွမ်းကုန်ကြိုးစားလေ့ရှိကြောင်းလည်း ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၃)အပြီးတွင် ရမှတ် (၂၈)မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် (၁)နေရာ၌ ရပ်တည်နေပြီး အဆင့် (၂)နေရာမှ စပါးအသင်း(၂၅ မှတ်)ကို (၃)မှတ် ဖြတ်ထားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular